" Daddy & Puppy " ( Ep-19 )

853 49 1
                                    

( Uni )

" Daddy & Puppy "

( Ep- 19 )

" သက် "

" မျက်နာလဲမကောင်းဘူး နေမကောင်းလို့လား "

မှိုင်တွေးစွာ ထိုင်နေသော သက်ချိုကို May စိတ်ပူစွာဖြင့် မေးလိုက်ပါသည်

" ကောင်းပါတယ် "

May ကို အသက်မပါသော အပြုံးဖြင့် ပြုံးပြရင်း လေးလံသော အသံဖြင့် ဖြေလိုက်ပါသည်

" ဒါမှမဟုတ် အဆင်မပြေတာရှိလို့လား " သက် "

" အင်း "

" ဘာအဆင်မပြေတာရှိလဲ Mayကို ပြောပြလို့ ရတယ်လေ "

Mayရဲ့ လမ်းဖွင့်စကားကြောင့် သက်ချို Mayကို မျက်လုံးလေး လှန်ကာ ကြည့်မိပါသည်

Mayဆိုသည့် မိန်းကလေးက သက်ချိုအဆင်မပြေ ဖြစ်တိုင်း အနားမှာ အမြဲရှိပြီး ကူညီနှစ်သိမ့်ပေးတက်သည်

( အထက်တန်းတွင် )

" သက် " အထက်တန်းပြီးရင်း ဘယ်မေဂျာ တက်ဖို့ စိတ်ကူးထားလဲ "

" ကျွန်တော် May အဖေလို ခွဲစိတ်အထူးကု ဆရာ၀န်ကြီး ဖြစိချင်တယ် "

သက်ချိုတို့ ငယ်စဥ်က May အဖေဟာ ခွဲစိတ်မူမှာ နာမည်ကြီးသလို လူနာတွေပေါ်လဲအမြဲစေတနာထား စောင့်ရှောက်တက်သူမို့ သက်ချို အားကျရတဲ့ ပုဂ္ဂိုလိ ၁ဦးပေါ့

May အဖေကို အားကျရင်း ဘ၀ရည်မှန်းချက်က ခွဲစိတ်အထူးကု ဆရာ၀န် ဖြစ်ချင်သွားတယ်

" အင်း ဖြစ်ရမှာပေါ့ "သက်"က စာတော်တာကို Mayလဲ တက္ကသိုလ်ကျ "သက်"နဲ့ အတူတူ ဆေးကျောင်းတက်မယ်"

" ဟင်း Mayက ကျောင်းဆရာမဖြစ်ချင်တယ်ဆို "

" အဲဒါ အရင်ကပါ ခုတော့ Mayလဲ ဆရာ၀န်ဖြစ်ချင်သွားပြီး "

Mayရဲ့ အပြုအမူ အပြောအဆိုတိုင်းကို သက်ချို ရိပ်မိပါသည် သို့သော် သက်ချို Mayအပေါ်ကို အဖြူရောင် သူငယ်ချင်းသံယောဇဥ်ပဲထားရှိခြင်းကြောင့် မသိသလိုသာ နေခဲ့သည်

" သက် " လုပ်နိင်ပါတယ် Mayကို ယုံနော် ဖိုက်တင်း "

ခွဲစိတ်မူ စတင်၀င်ချိန် သက်ချို မလုပ်နိင်မည်ဆို၍ စိတ်လှုပ်ရှားနေသည် သို့သော် Mayရဲ့ အားပေးစကားကြောင့် သက်ချိုအားတက်မိပါသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now