"Daddy & Puppy" ( Ep-8 )

1.1K 53 0
                                    

( Uni )

" Daddy & Puppy "

( Ep-8 )

မနက်မိုးသောက် ရောင်နီနဲ့အတူ ကျေးငှက်လေးများဆော်သြသံ Typeနားထဲ သာယာနာပျော်ဖွယ် ပြတင်းပေါက်မှ ၀င်ရောင်လာတဲ့ လေအေးလေးက အခန်းထဲဆော့မြူးဖြတ်ပြေးသွားတော့ Typeချမ်းတာကြောင့် ရင်ခွင်ထဲ တဖြေးဖြေး တိုး၀င်သွားသည် တစ်ဖက်ကလဲ သူ့ရင်ခွင်ထဲ ၀င်ရောက်လာတဲ့ အ​ကောင်ပေါက်ကို တင်းနေအောင် ဖတ်ထားမိသည်

ထိုအချဥ်းအရာက အိမ်မက်လား တကယ့်လား Typeမသိ မျက်လုံးလေး မှိတ်ထားရင်း နှုတ်ခမ်းလေးက ခပ်ရေးရေး ပြုံးလိုက်မိသည်

မျက်လုံးလေးကို အားယူဖွင့်တော့ အချင်းနှီဆိုသလို ၁စုံ၁ယောက် ရင်ခွင်ထဲ သူရောက်နေတာ သိလိုက်သည် အ့သြမူများနဲ့ မျက်လုံးပြူးသွားကာ နက်မှောင်နေသော သူရဲ့မျက်လုံးလေးကို ရင်ခွင်ထဲကနေ ခွာကာ ထိုလူကို မော့ကြည့်လိုက်သည်

"ဟင်း Da Daddyပဲ"

Type Mewကိုအ့သြမူ မျက်လုံးများဖြင့် ကြည့်ရင်း နှုတ်မှရေရွတ်မိလိုက်သည်

"အွန်းးးးးးး"

Mew အသံရှည်ကြီးဆွဲကာ သူကိုမော့ကြည့်နေတဲ့ Type ခါးသွယ်သွယ်လေးကို သူရဲ့အကြောပြိုင်ပြိုင်ထနေသော လက်များဖြင့် သိမ်းကြုံဖတ်လိုက်သည်

Typeလဲ မျက်လုံးလေး အပြူးသားဖြင့် ကိုယ်လုံးလေးက Mewရင်ခွင်ထဲ ၁ဖန်ပြန်ရောက်သွားသည် သူရဲ့ခေါင်းလုံးလုံးလေးပေါ် မှေးတင်ထားတော့Mew နာခေါင်းမှ မှုတ်ထုတ်လိုက်တဲ့ လေလေးက Typeဆံပင်ကြားထဲ ဖြတ်ပြေးသွားသည်

Type ရင်ခွင်ထဲကနေ မျက်လုံးလေး ကလယ်ကလယ်ဖြင့် Mewရင်ခွင်ကျယ်ကြီးကြည့်ပြီး ငြိမ်နေရမလား ရုန်းထွက်ရမလား မသိပြန် နောက်ဆုံး ရင်ခွင်ထဲကနေ Mewမျက်နာကို ထပ်မံမော့ကြည့်လိုက်သည် အိပ်နေတာတောင် အရမ်းကြည့်ကောင်းနေသည့် သူ့ ရဲ့ Daddy

နှုတ်ခမ်းမထူမပါလေးက ခပ်စိစိရယ် ပြုံးနေသလား အိမ်မက်ယောင်နေလား မသဲကွဲလှ မို့မို့မောက်မောက်နဲ့မျက်တောင်ရှည်လေးက မျက်လွှာလေးချကာ မှိတ်ထားသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now