" Daddy & Puppy " ( Ep - 35 )

771 27 1
                                    

(  Uni  )

" Daddy  & Puupy "

( Ep - 35 ) 

" Rose   ကော်ဖီကရား အဆင့်သင့်လုပ်ထားနော် ခနနေ သား Mew ဆင်းလာတော့မယ် "

မီးကင်ပြီးသော ပေါင်မုန့်များကို ပန်ကန်ထဲ ကျနစွာထည့်ပြီး ကျောပေးကာရပ်နေသော Rose ကို  လှမ်းပြောလိုက်သည်

ကြီးမယ် ပြောပေမဲ့  Rose ဆီကဖြေသံမလာခဲ့ပါ ခေါင်းလေး စောင်းကာရယ်  မျက်ခုံးလေးတွန့်ချိုးပြီး  Rose ကို  ကြည့်လိုက်သည်

ဒီကောင်မလေး ဘာတွေ ဖြစ်နေပါလိမ့်??
ဒီရက်ပိုင်း မျက်နာလဲမကောင်းဘူး ၁ခုခုဆို ငေးမှိုင်းနေတော့တာပဲ

မေးမယ်မေးမယိဆိုပြီး လုပ်ထားပေမဲ့ အလုပ်ရှုတ်နေတာကြောင့် မမေးဖြစ်ခဲ့ ခုအချိန်လေးရတုန်း မေးမြန်းဦးမှ ....

" Rose ..... Rose ..... ဟဲ့  Rose .... "

ကြီးမယ်ရဲ့ အသံစူးစူးကြောင့် တွေးနေသည့် အတွေးများ လွင့်ပြယ်သွားကာ 
Rose  ကိုယ်လုံးလေး တွန့်ခနဲဖြစ်သွားသည်

" ရှင့်  .... ရှင့် ....  ကြီးမယ် "

" Rose ... မျက်နာလဲ မကောင်းဘူး ၁ခုခုအဆင်မပြေတာရှိလို့လား "

နွမ်းလျနေသည့် လက်၁စုံဖြင့်  Rose လက်မောင်းကိုဆုပ်ကိုင်ကာဖြင့် ကြီးမယ် ​မေးလိုက်သည်

အရည်ကြည်များ ဖြတ်ပြေးနေသော မျက်၀န်းအိမ်လှလှလေးဖြင့်  မေးဟန်ပြုနေသော  ကြီးမယ်ကို  တမေးတမော ခနလောက်  ငေးကြည့်မိလိုက်သည်

ခုလို  မေးဟန်ပြုမှာတော့ သူ့အဆင်မပြေမူကို ကြီးမယ် ရိပ်မိသွားသည့်ထင်ပါရဲ့  .... အဆင်မပြေမူရယ် မဟုတ်ပါ သူ့ကို စိတ်ဆိုးကာ ထွက်သွားသော သားကို စိတ်ပူနေခြင်းပါ

ကြီးမယ်ကို ထိုကိစ္စ ပြောပြလိုက်ရင်း  သားဖြစ်သူကို အပစ်ပင် တင်နေမည် ၀မ်းနဲ့လွယ်ပြီး မွေးထားသည့် သားမို့  သူများပြောဆိုမူမျိုး မလိုလားပါ

သားဟာသား ဆိုးချင်ဆိုးပါစေ သူသည်းခံနိင်ပါသည်  သူများတွေရဲ့ ပါးစပ်ပေါက်မှာ ရှုံချကဲ့ရဲ့နေမူမျိုးကိုတော့  Rose မလိုလားပါ

ကြီးမယ်က  တခြားသူ မဟုတ်ပေမဲ့  သားနဲ့က အဆင်မပြေတဲ့သူမို့ .... သေချာပါသည် သူ့သာ ပြောလိုက်လျှင်  သားကိုအပစ်ပြောနေပါမည်  ခုကိစ္စကလဲ သားမှားသည်မဟုတ်လှ

" Daddy  &  Puppy " (Ongoing)Where stories live. Discover now