" Daddy & Puppy " ( Ep- 25 ) 🔞🔞

1.1K 42 1
                                    

( Uni )

" Daddy & Puppy "

( Ep-25 ) 🔞🔞🔞

" Morning ပါ ကြီးမယ် "

" မောင်သက်ချိုပါလား လာလေ သား "

သားဖ၂ယောက်အတွက် မနက်စာပြင်ဆင်နေချိန် သက်ချိုရဲ့  နှုတ်စကားကြောင့် နောက်ပြန်လှည့်ကြည့်ရင်း စကားဆိုလိုက်သည်

" ဒီမယ် ကြီးမယ် အဘွားက အုန်းနို့ခေါက်ဆွဲလေး ပို့ခိုင်းလိုက်လို့ "

သက်ချို လက်မှဆွဲလာသည့် ချိုင့်လေးကို ကြီးမယ်ရှေ့ချကာ ပေးလိုက်သည်

" အိမ်မှာချက်စားတာလား သား "

" ဒီနေ့ သားမွေးနေ့မို့  ဘုန်းကြီးကိုကပ်လှုရင်း       ကြီးမယ်တို့ စားရအောင် လာပို့တာ "

" aww ဟုတ်လား ဒါနဲ့ ဘယ်နနစ်ပြည့် မွေးနေ့လဲ သား "

" 27 ပြည့်တာပါ ကြီးမယ် "

" သားတောင် 27ပြည့်ပြီးပဲ "

သက်ချို ပေးလာသော အုန်းနို့ခေါက်ဆွဲချ်ုင့်ကို ပန်းကန်ထဲ လှည့်ကာ ထည့်ရင်း ​ခေါင်း၁ညိမိ့ညိမ့်နဲ့ ပြောလိုက်သည်

" ကြီးမယ် ခုမှသတိရတယ် သားမွေးနေ့က ဒီနေ့ဆို မနက်ဖြန်ကျ သားMew မွေးနေ့မဟုတ်လား "

ကြီးမယ် သက်ချိုကို ပေါ့လျော့စွာ ​စကားပြန်ဆိုပြီး  ခေါင်းထဲ ဖျက်ခနဲ သတိရသွားတာကြောင့် မျက်လုံးလေး အပြူးသားဖြင့် မေးလိုက်သည်

" ဟုတ်တယ် ကြီးမယ်  မနက်ဖြန် Mew မွေးနေ့ ကျွန်တော်က  Mewထက် ၁ရကိကြီးတယ်လေ "

" ဟုတ်သား ကြီးမယ်လဲ အသက်ကြီးတော့ မေ့တေ့တေ့ ဖြစ်နေပြီးရယ် "

" ကဲ မောင်သက်ချို ခနထိုင်ဦးကွယ် ကြီးမယ် ဟိုသားဖ ၂ယောက်ကို သွားနှိုးဦးမယ် "

ကြီးမယ်  အိမ်ပေါ်ထပ်က သားဖ၂ယောက်ကို မျက်စောင်းလှမ်းထိုးကာဖြင့် ပြောလိုက်သည်

သက်ချိုလဲ ကြီးမယ်ကို သဘောကျ၍ ရယ်ကာဖြင့် ခေါင်းညိမ့်ပြလိုက်သည်

" နှိုးပါပြီး ကြီးမယ်ရဲ့ "

အိမ်ပေါ်မှ ဆင်းလာပြီး မီးဖိုချောင်ဘက် ၀င်ကာဖြင့် ကြီးမယ်အသံကို ကြား၍ နှုတ်ခမ်းလေး ဆူပုတ်ကာဖြင့် ပြောလိုက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now