" Daddy & Puppy " ( Ep-12 )

1K 53 3
                                    

( Uni )



" Daddy & Puppy "

( Ep-12 )

"သား Mew အလုပ်သွားမလို့လား"

အိမ်ပေါ်ထပ်ကနေ အလုပ်သွားရန် ပြင်ဆင်ပြီး လောလောနဲ့ ဆင်းလာတဲ့ Mewကို ကြီးမယ် လှမ်းမေးလိုက်သည်

"ဟုတ်တယ် ကြီးမယ်"

"လက်က အရှင်း မပျောက်သေးဘူးမို့လား သားလေး"

"သက်သာ သလောက်ရှိနေပါပြီး ကြီးမယ်ရဲ့"

"ဒီနေ့ ၁ရက်တော့ နားလိုက်ပါဦးလား သားရယ် မနက်ဖြန်မှ သွားပေါ့"

"မနားတော့ပါဘူး ကြီးမယ်ရယ် အလုပ်ကို မျက်နာလွှဲ ခဲပစ်ထားထားတာ ၁ပတ်တောင် ကျော်နေပြီး

ဟိုမှာ ခုဆို အလုပ်တွေ ပုံနေလောက်ပြီး"

"အလုပ်ပုံတာက နောက်မှထား သားလက်မှ မသက်သာသေးတာ"

ကြီးမယ် Mewကို တားမရမှနိးသိပေမဲ့လဲ လက်ကဒဏ်ရာကို စိတ်ပူတာကြောင့် တားမရလဲ တားလိုက်သည်

"ကဲပါ ကြီးမယ်ရယ် ကျွန်တော် အိမ်မှာ ရှိတော့လဲ ကုတင်ပေါ် လူပမာကြီးလို နေနေရတာ ပျင်းလှပြီး

ဟိုမှာဆိုတော့ ကိုယ်အလုပ်ကို လုပ်နေရတော့ နာလို့ နာမှန်း သိမှာတောင် မဟုတ်တော့ဘူး"

ကြီးမယ် စိုးရိမ်နေတာ သူသိပါသည် အိမ်မှာနေရင်းလဲ သူဘာလုပ်လုပ် ကြီးမယ်က အရိပ်တကြည့်ကြည့်မို့ သူမှာအနေကျဥ်းလှသည် လက်ကလဲ သက်သာသလောက်ရှိနေပြီးမို့ ကြီးမယ်တားလဲ သူငြင်းဆန်နေခြင်း ဖြစ်သည်

"ကဲ ဟုတ်ပါပြီးရှင့် တားမရလဲ သွားပါ ဒါပေမဲ့ လက်ကိုတော့ ဂရုစိုက်နော်"

"ဟုတ် ကြီးမယ် အ့ဆို ကျွန်တော် သွားတော့မယ်"

Mew ကြီးမယ်ကို နှုတ်ဆက်ကာ ခြံထဲဆင်းရန် ခြေလှမ်းတို့ ပြင်လိုက်သည်

" Daddy "

Daddy ဆိုတဲ့ ခေါ်သံလွင်လွင်လေးကြောင့် ကြီးမယ်ရော Mewရော အသံလာရာကို လှည့်ကြည့်လိုက်သည်

" Type "

Mewခြေလှမ်းတို့ ရှေ့ဆက်မတိုးတော့ပဲ ထိုနေရာမှတင် ရပ်တန့်ကာ လှေကားကနေ အပြေးဆင်းလာတဲ့ Typeနာမည်ကို ခပ်ဖွဖွလေး ရေရွတ်လိုက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now