"Daddy & Puppy" ( Ep-3 )

1.3K 70 6
                                    

( Uni )

" Daddy & Puppy "

(Ep-3)

"Daddy သူလေ သားဆီက Daddy ၀ယ်ပေးထားတဲ့ အရုပ်ကိုလုတယ်"

ဧည့်ခန်း၏ အလယ် မျက်နာချင်းဆိုင် ထိုင်ခုံမှာထိုင်နေတဲ့ ဖီးယက်၁ယောက် Typeကိုလက်ညှိုးထိုးပြီး Mewကိုတိုင်တောနေသည်

Typeခင်ဗျား သူကို Mewနဲ့တိုင်နေတော့ ကယ်ရာမဲ့ကလေးသဖွယ် ခေါင်းကိုမဖော်တမ်း ငုံထားမိသည် နဂိုကတည်းကမှ နှုတ်နည်းပြီး ကြောက်စိတ်ပိုတဲ့ ကောင်လေးက ခုလိုတိုင်တောခံရတော့ ကြောက်စိတ်က ပို၍ ဆိုးရွားသွားသည်

"Typeက သားအရုပ်လုလို့ Typeကို ကိုယ်ထိလက်ရောက် လုပ်လိုက်တယ်မဟုတ်လား ဖီးယက်"

စားပွဲရဲ့ အလယ်ခုံမှာ တင်ပလင်းခွေထိုင်ကာ သူကိုတိုင်တောနေတဲ့ ဖီးယက်ကို ခပ်တည်တည် မျက်နာထားနှင့် ပြောလိုက်သည်

ဖီးယက်လဲ Mewစကားကြောင့် Typeနည်းကဲ့သို့ ခေါင်းလေးစိုက်ကနဲ့ ငုံသွားရှာသည်

Mewလဲ ဒီကိစ္စကို ဆောင်းပြောပြလို့ သိရသည် ဖီးယက်က Mewနဲ့နေတာ ကြာလာပြီး ဖြစ်တဲ့အတွက် ဖီးယက်ရဲ့ပုံစံ အချိုးက ဘယ်လိုဆိုတာသိသည်

Typeက ဒီရောက်တာမကြာသေး ဖီးယက်နဲ့ယှဥ်ရင်း Typeက အနေအေးတယိ နှုတ်နည်းတယ်ပြောရမယ် ဖီးယက်ကတော့ ၁ခါ၁လေ မဟုတ်မခံစိတ်နဲ့ လူကြီးတွေကို ပြန်ပြန်ပြောတက်သည်

အ့လိုပြန်ပြောတက်ချင်းကို Mewမကြိုက်ပါ ဒါကြောင့်လဲ ဖီယက်ကို သူကပဲသွန်းသင်ဆုံးမသည် ဖီးယကိကလဲ Mewစကားက လွဲရင်း ကျန်သူစကားနားထောင်လေ့ မရှိ သူမေရဲ့ စကားတောင် ၁၀ခွန်း၁ခွန်းပဲ နားထောင်သည် ဒါကြောင့် Roseလဲ သူသားမနိင်၍ Mewကို အပ်ထားခြင်း ဖြစ်သည်

"ဖီးယက် Daddy ပြောမယ် နောက်ခါ Typeကို အ့လိုမလုပ်ရဘူးနော်"

"ဟုတ်"

Mewက ပြောတော့ ဖီးယက်ခပ်လေးလေး လေသံဖြင့် ခေါင်းလေးညိမ့်ကာ ပြန်ဖြေသည်

"Typeလဲ အတူတူပဲ လိုချင်တာရှိရင်း ပိုင်ရှင်ကို ခွင့်တောင်းပြီးမှ ယူ ပိုင်ရှင်မသိပဲ မယူရဘူးနော်"

Mew ဖီးယက်ကိုပြောပြီး မျက်နာလိုက်တယ် ဖြစ်မည်ဆို၍ တစ်ဖန် Typeကိုပါ ပြောလိုက်သည် Typeလဲ ဖီးယက်ကဲ့သို့ "ဟုတ်"ဆိုတဲ့ ၁လုံးသာဖြေသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now