Chapter(12):မင်းကိုရှာဖို့ ခွဲထွက်လာခဲ့မယ်။-2

2.8K 577 14
                                    

Zawgyi

သူကျောက်ကျင့်နဲ့ မနက်ခင်းတုန်းကတစ်ခါ စကားပြောခဲ့ပြီးပေမဲ့လည်း သူသူ့ကိုအနည်းငယ်လွမ်းလာမိသည်။ ကျန်းရှန်ချက်ချင်းဒီအကြောင်းကို တွေးတောကြံဆပြီးနောက် သူ့ကိုထပ်တွေ့ဖို့အတွက် ညစာစားချိန်ထိရောက်အောင် ထိုင်စောင့်နေလိုက်သည်။

တကယ်လို့သူတစ်ယောက်ကိုမှ မတွေ့ရဘူးဆိုရင်တောင်မှ သူကျောက်မိသားစုအိမ်နားမှာ လမ်းသလားနေဖို့ကို သူလိုလားသည်။

. . .

ကျောက်ကျင့်ဒီနေ့မှာ​ ခြင်းတောင်းထဲတွင် ရေချိုငါးတွေအမြောက်အမြားကို သူဖမ်းမိခဲ့သည်။

ဆောင်းရာသီကုန်တော့ ပုံမှန်အားဖြင့် လက်တစ်ချောင်းအရွယ်အစားရှိတဲ့ ရေချိုငါးတွေက ပိုပြီးသေးလာပေမဲ့ ခြင်းတစ်ဝက်လောက်ဖမ်းမိလိုက်တာမို့ တစ်စုံတစ်ယောက်ကို ကျွေးဖို့ကတော့ လုံလောက်နေပါပြီ။ ကျောက်ကျင့်ရဲ့နှုတ်ခမ်းတွေက တွန့်ကွေးသွားပြီးနောက် နေ့တာကလည်းညတာဆီသို့ စတင်ကူးပြောင်းလာနေပြီဖြစ်သည်။

သူ့ပုခုံးတွေကိုဖုန်ခါလိုက်ပြီးတော့ ကျောက်ကျင့် လယ်လုပ်ငန်းသုံး ကိရိယာတန်ဆာပလာတွေကို ကောက်ယူလိုက်ပြီး ကျောက်ဒါဟူမိသားစုရဲ့အဓိကအိမ်ဆီကို လျှောက်လာခဲ့တော့သည်။

ပုံမှန်အားဖြင့်ဆိုရင် လယ်လုပ်ငန်းသုံး ကိရိယာတန်ဆာပလာတွေကို ပြန်ပေးပြီးရင် သူအိမ်ပြန်နိုင်ပြီဖြစ်ပေမဲ့ လယ်လုပ်ငန်းသုံး ကိရိယာတန်ဆာပလာတွေကို အောက်ကိုချနေတဲ့အချိန်မှာ ကျောက်ဒါဟူရဲ့အမေက စကားပြောလာလိမ့်မယ်လို့ ကျောက်ကျင့်တစ်ယောက် မမျှော်လင့်ထားမိပါဘူး။ "မင်းရေချိုငါးတွေ ဖမ်းမိခဲ့တယ်ပေါ့? ဒီမှာထားခဲ့။ မနက်ဖြန်ကျရင် ငါတို့ဒါကို ညစာချက်စားရမယ်။"

ကျောက်ကျင့်တစ်​ယောက် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။ "သခင်မကြီး ဒီရေချိုငါးတွေက ကျွန်တော့်အတွက်အသုံးဝင်တယ်။" သူကတစ်စုံတစ်ခုကို တခါတရံကျရင်ဖမ်းလေ့ရှိပြီးတော့ တကယ်လို့သူတို့အဲ့ဒါကို လိုချင်ရင် သူသူတို့ကိုပေးလိုက်လေ့ရှိသည်။ အဆုံးသတ်မှာတော့ သူ့မိသားစုရဲ့အစားအစာတွေအားလုံးဟာ ကျောက်ဒါဟူဆီကနေရလာတဲ့ သူ့ရဲ့အလုပ်အပေါ်မှာ အဓိကမှီခိုနေတာဖြစ်သည်။ ဒါပေမဲ့ဒီနေ့မှာတော့ သူရေချိုငါးတွေကို ကျန်းရှန်ကိုပေးဖို့ ရည်ရွယ်ထားတာဖြစ်သည်။

TOFUH (BL) [Myanmar Translation]Wo Geschichten leben. Entdecke jetzt