Chapter(30):ငိုကြွေးနေသော တံငါသည်-1 ငိုကြွေးနေသော တံငါသည်-1

2.4K 387 7
                                    

Zawgyi



"အမေ ကျန်းလောင်တက မကောင်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး။" ကျောက်ကျင့်တစ်ယောက် မနေနိုင်ပဲ ပြောလိုက်မိသည်။

"ကျင့် သားကဒါကို မမြင်ဖူးသေးလို့။ သူက ရုံးတော်အရာရှိတစ်ယောက်ကိုတောင် ဆူပူအော်ဟစ် တိုက်ခိုက်ရဲတာနော်။" ကျောက်လျိုက ပြောလိုက်သည်။ အဲ့ဒီကျန်းလောင်တက သူမဘဝတစ်လျှောက် တွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ အရဲတင်းဆုံးလူတစ်ယောက် ဖြစ်သည်။

"အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက သူ့ကို ဖမ်းကြတော့မှာမို့လို့လေ။" ကျောက်ကျင့်က ပြောလိုက်သည်။ "သူအရင်တုန်းကလည်း ဒီလိုမျိုး အုတ်အော်သောင်းနင်း ကြီးကြီးမားမားဖြစ်အောင် လုပ်ခဲ့ဖူးပေမဲ့ အဆုံးမှာ သူတစ်ယောက်ယောက်ကို တစ်ခုခုလုပ်ခဲ့ဖူးလို့လား?" ယခင်က ကျန်းရှန်လူတွေကို ရိုက်နှက်နေတာကို သူမြင်လိုက်ရတဲ့အချိန်မှာတုန်းက အဲ့ဒါက အရမ်းကောင်းမွန်တဲ့ အကြံညဏ်တစ်ခုလို့ သူ မတွေးထင်ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ ဒီအကြောင်းကို တွေးကြည့်မိပြီးတဲ့နောက်မှာ ကျန်းရှန်ကကျန်းမိသားစုကို ဘာတစ်ခုမှ မပြုလုပ်ခဲ့ဘူးလေ။ သူက စားစရာနဲ့ငွေအချို့ကိုသာ ယူဆောင်သွားခဲ့ရုံလေးတင်ပါ . . .

သူက ကျန်းမိသားစုအိမ်မှာ နေထိုင်ခဲ့ဖူးပေမဲ့ သူက အချိန်ပြည့်အလုပ်သမားတစ်ယောက်ဖြစ်တဲ့ သူ့ထက်တောင် ပိုပြီးသနားစရာကောင်းသည်။ အချိန်ပြည့်အလုပ်သမားတွေရဲ့သူဌေးတွေက တွန့်တိုကပ်စေးနှဲကြတယ် ဆိုရင်တောင်မှ သူတို့တွေက ပေးသင့်တဲ့အရာတွေကိုတော့ ပေးနေဆဲဖြစ်သည်။ တကယ်လို့သူက သူ့မိသားစုကို ထောက်ပံ့ပေးစရာ မလိုဘူးဆိုရင် သူက သေချာပေါက်ကို နေ့တိုင်း သူ့ဗိုက်ကိုသူ အပြည့်ဖြည့်နိုင်မှာပဲ ဖြစ်သည်။ ဒါပေမဲ့ ကျန်းရှန်ကရော? သူဘယ်အချိန်တုန်းကများ လုံလုံလောက်လောက် စားခဲ့ရဖူးသလဲ? အလုပ်များတဲ့ ကောက်စိုက်ရာသီမှာဆိုရင် အဲ့ဒီအချိန်ပြည့်အလုပ်သမားတွေလည်း ငါးနဲ့ထမင်းကိုတောင် စားနိုင်ကြသည်။ သို့သော်လည်း ကျန်းလောင်တတစ်ယောက်ကတော့ ဆလတ်ရွက်၊ မုန်လာဥဖြူ ဒါမှမဟုတ် သခွားသီးအစိမ်းလိုက်တွေကို လယ်ကွင်းထဲမှာ စားနေတာကိုသာ သူမြင်ခဲ့ရသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now