Chapter(24):လျို့ဝှက်စွာ အနမ်းပေးခြင်း-3

2.3K 471 4
                                    

Zawgyi


သေချာပေါက်ကို အဲ့ညမှာ အိပ်လို့မပျော်တဲ့လူက ကျောက်ကျင့်တစ်ယောက်တည်း မဟုတ်ပါဘူး။ အမှန်တကယ်မှာတော့ ကျန်းရှန်နဲ့ အသက်နှစ်နှစ် အရွယ်မျှသာရှိသေးတဲ့ ကျန်းယွမ့်ဝမ်းမှလွဲ၍ ကျန်းမိသားစုရဲ့ မိသားစုဝင်အများစုက အိပ်လို့မပျော်ကြပါဘူး။

ကျန်းချန်ရှန်းနဲ့ ကျန်းလောင်ထုံတို့က ကျန်းရှန်အတွက် အိမ်တစ်လုံးဆောက်ရင်း အလုပ်တွေရှုပ်နေကြသည်။ ကျန်းချန်ဝမ်းနဲ့ ရွှမ်းမင်တို့ နှစ်ယောက်စလုံးကတော့ ငွေတွေကြောင့် စိတ်ပူပင်သောကရောက်နေကြသည်။ ကျန်းလောင်ထိုက်ကကျတော့ သူမက အိမ်ကို ဆောက်လုပ်နေတဲ့နေရာမှာပဲ ကျန်းရှန်ကို တိုက်ရိုက် အော်ဟစ်ဆဲဆိုနေသည်။

နေဝင်သွားတဲ့အချိန်မှာ အိမ်ကို ကူဆောက်ပေးနေကြတဲ့ ရွာထဲက လူတွေအားလုံးက အိမ်ပြန်ပြီး အိပ်ကြတော့သည်။ သို့သော်လည်း ကျန်းမိသားစုကတော့ နောက်တစ်ကြိမ် အတူတကွ ထပ်စုစည်းကြပြီးတော့ အချိန်အကြာကြီး ဆွေးနွေးခဲ့ကြသည်။ အဆုံးမှာတော့ သူတို့တွေ ဘာလုပ်ရမလဲဆိုတဲ့အဖြေကို ရှာမတွေ့ခဲ့ကြပါဘူး။

ကျန်းချန်ရှန်းရဲ့အိမ်ကို ကျန်းရှန်က အပိုင်ယူထားတာဖြစ်သည်။ သူတစ်ညအိပ်ဖို့အတွက် ရွာလူကြီးကျန်းဖျင်ရဲ့အိမ်ဆီကို သွားရုံသာ တတ်နိုင်တော့သည်။ အာရုဏ်တက်ချိန် ရောက်တာနဲ့ သူကျန်းဖျင်နဲ့အတူ စီရင်စုမြို့ဆီကို တက်သွားတော့သည်။

သူက ကျူးရှုဖန်းဆီမှာ ငွေသွားယူပြီးတော့ ကျန်းဖျင်နဲ့အတူ ကျန်းရှန်ရဲ့အိမ်ထောင်စုစာရင်းကို ကျန်းမိသားစုဆီကနေ ခွဲထုတ်ပြီးတော့ သူကျန်းရှန်ကို ပေးမယ်လို့ ကတိပေးထားခဲ့တဲ့ မြေယာပိုင်ဆိုင်မှုကို လွှဲပြောင်းပေးဖို့အတွက် ရုံးတော်ဆီကို သွားမှာဖြစ်သည်။

ထို့နောက်မှစ၍ ကျန်းရှန်က ကျန်းမိသားစုနဲ့ ဘာမှပတ်သက်ဆက်နွယ်တော့မှာ မဟုတ်ပါဘူး။

သူကကျန်းရှန်ကို ကျိုးကျိုးနွံနွံနဲ့ ကျန်းမိသားစုအတွက် အလုပ်တွေကို ဆက်လုပ်ခိုင်းချင်ခဲ့တာဖြစ်သည်။ ရလဒ်က ဘာဖြစ်သွားသလဲ? ပြဿနာတွေ ပတ်လည်ဝန်းရံပြီးသွားတဲ့နောက်မှာ သူက သူ့စစ်သားတွေကို ဆုံးရှုံးလိုက်ရရုံတင်မကပဲနဲ့ စစ်ပွဲကိုလည်း ရှုံးသွားခဲ့သည်။ ကျန်းရှန်က အိမ်ကနေ ငွေတွေယူဆောင်သွားတာကိုလည်း ခွင့်ပြုလိုက်ရသည်။

TOFUH (BL) [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin