Chapter(11):ရွှံ့တစ်လွှာကို ပွတ်တိုက်ချခြင်း-1

2.8K 584 4
                                    

Zawgyi

"လအနည်းငယ်အနားယူမယ်?" သားသတ်သမားကျန်းတစ်ယောက် ကျန်းရှန်ကို ဒေါသထွက်စပြုလာပြီဖြစ်သည်။ ဒီအကောင်လေးက အဆင်ပြေနေတယ်ဆိုတာ သိသာနေတာပဲ။ ဘယ်လိုလုပ်ပြီး သူလအနည်းလောက်ထပ်ပြီး အနားယူရတာလဲ? သူအိပ်မက်မက်နေတာပဲ!

"ဟုတ်တယ်။ အရင်နှစ်တုန်းက လောင်အာ့စပါးဖြတ်တုန်းက သူ့ခါးဒဏ်ထိသွားတယ်လေ။ ပြီးတော့သူလယ်ကွင်းထဲကို နောက်ထပ်ထပ်မသွားတော့ဘူးလေ။ ကျွန်တော်ကသေခြင်းနဲ့ရှင်ခြင်းကြားမှာ လမ်းလျှောက်ခဲ့ရတာလေ။ လအနည်းငယ်လောက်တော့ အနားယူသင့်တာပေါ့။ ဘာလို့ကျွန်တော်နှစ်နှစ်လောက် မနားကြည့်ရမှာလဲ?" ကျန်းရှန်ကဆန်ပြုတ်ပန်းကန်လုံးကို အောက်ချလိုက်ပြီးတော့ သားသတ်သမားကျန်းကို ရိုးသားစွာကြည့်လိုက်သည်။

သားသတ်သမားကျန်းက အရမ်းဒေါသထွက်လာတာကြောင့် သူ့မျက်နှာကမှောင်မဲလာသည်။ ကျန်းရှန်ကမနားခဲ့ပါဘူး။ သူကျန်းလောင်ထိုက်ကို ထပ်ကြည့်လိုက်ပြန်သည်။ "အမေ ကျွန်တော့်ရဲ့ကျန်းမာရေးအတွက် ကျွန်တော်ကောင်းတာတစ်ခုခုစားချင်တယ်။ နောက်ကျရင် ခင်ဗျားနေ့တိုင်း ကြက်သားနဲ့အသားအချို့ကို ဝယ်ဖို့အတွက် စီရင်စုမြို့ကိုသွားသင့်တယ်။ ခင်ဗျားအများကြီးဝယ်စရာမလိုပါဘူး။ ကျွန်တော့်ကိုတစ်နေ့ အသားတစ်ကီလိုဝက်ပေးရင်ရပါပြီ။"

မင်းကအလုပ်ကျတော့ မလုပ်ချင်ဘူး။ ဆန်ဖြူနဲ့ တစ်နေ့အသားတစ်ကီလိုဝက်ကိုတော့ စားချင်သေးတယ်ပေါ့? ကျန်းလောင်ထိုက်တစ်ယောက် ထိတ်လန့်သွားသည်။ မြေပိုင်ရှင်မိသားစုရဲ့သားတောင်မှ ဒီလိုမျိုးမစားနိုင်ဘူး။

"မင်း-မင်း . . ." သားသတ်သမားကျန်းက ကျန်းရှန်နဲ့ထပ်ပြီး ရန်ဖြစ်ပစ်လိုက်ချင်သည်။ ဒါပေမဲ့မနေ့က ကျန်းရှန်ရဲ့ထုနှက်ခံရပြီး သတိလစ်သွားရတဲ့ လူတွေအကြောင်းကို သူတွေးလိုက်မိပြီး သူ့အရှေ့က ပြန်လည်ပြုပြင်ထားကာစစားပွဲကို ကြည့်လိုက်မိပြီးနောက် သူကျန်းရှန်ကိုသွားပြီး မဆန့်ကျင်ရဲတော့ဘူး။

"မေ့လိုက်တော့။ ဒီတောင်းဆိုချက်က သိပ်မသင့်တော်ဘူးဖြစ်နေတယ်။ ဒီနေရာမှာ ဘာအသားမှလည်း မရောင်းဘူး။ စီရင်စုမြို့ကို ဒါဝယ်ဖို့အတွက် နေ့တိုင်းသွားရတာက ခင်ဗျားအတွက် အရမ်းမညှာတာရာရောက်သွားမယ်။ နောက်ကျရင် ကျွန်တော့်အတွက် တစ်နေ့မှာကြက်ဥနှစ်လုံးကိုပဲ ပြုတ်ပေးတော့။" ကျန်းရှန်ကပြောလိုက်သည်။

TOFUH (BL) [Myanmar Translation]Donde viven las historias. Descúbrelo ahora