Zawgyi
ကျန်းချန်ရှန်းတစ်ယောက် သူ့ကိုနာခံမှုရှိအောင် ခြိမ်းခြောက်သတိပေးဖို့အတွက် ရုံးတော်အရာရှိတစ်ယောက်နဲ့ ပြန်ရောက်လာတယ်ဆိုတာကို ကျန်းရှန်ကောင်းကောင်းသိသည်။
ဒါပေမဲ့တကယ်လို့ သူနားမထောင်ဘူးဆိုရင် ဒါက ခြိမ်းခြောက်သတိပေးရုံတင်မကမှာကို သူကြောက်မိသည်။ သူတို့တွေက သူ့အပေါ်မှာ ချစ်ခင်တွယ်တာမှု အနည်းငယ်တောင် ရှိတာမဟုတ်ဘူး။ သူတို့တွေကသူ့ကို သားတစ်ယောက် ဒါမှမဟုတ် အစ်ကိုတစ်ယောက်လို့ လုံးဝသတ်မှတ်ကြတာ မဟုတ်ဘူး။ သူတို့တွေကသူ့ကို ကျန်းမိသားစုအိမ်အတွက် အလုပ်လုပ်ပေးဖို့အတွက် လိုချင်ရုံသာဖြစ်သည်။ တကယ်လို့သူ သူတို့တွေအတွက် အလုပ်လုပ်ပေးဖို့ ငြင်းဆန်လိုက်မယ်ဆိုရင် သူတို့တွေ အမှန်တကယ်ကို သူ့ကိုတရားစွဲဖို့အတွက် ရုံးတော်ဆီ သွားကြလိမ့်မယ်။
ငြင်းဆန်ထားပြီးမှ လက်ခံလိုက်ရင်လည်း သူ့အတွက် အကျိုးမရှိတာကြောင့် သူတို့တွေကို အပြစ်ရှာရတော့မှာပဲ။ တကယ်လို့ သူဂရုမစိုက်မိဘူးဆိုရင် ဒီမိသားစုက သူ့ကိုသတ်သွားနိုင်တယ်။ အဲ့ဒါကြောင့် သူအရင်စလှုပ်ရှားရမယ်။
ဒီလိုမျိုးစဉ်းစားမိပြီးနောက် ကျန်းရှန်ကယန်ကျန်းကို ဆက်လက်ရိုက်နှက်နေလိုက်သည်။ သူ့ဆီမှာ အချိန်အဆ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်တဲ့ အမြင်ရှိပြီးတော့ ယန်ကျန်းကို အပြင်းအထန် မနာကျင်စေပေမဲ့ သူကသေချာပေါက်ကို သူ့အတွက် နာကျင်မှုရှိအောင်လို့တော့ ပြုလုပ်ထားသည်။
"ချမ်းသာပေးပါ! ချမ်းသာပေးပါ။ ခင်ဗျားကို ခြောက်ဖို့ပြောတဲ့သူက ကျန်းချန်ရှန်းပါ။ ကျွန်တော်ခင်ဗျားကို ဖမ်းဆီးဖို့ မရည်ရွယ်ပါဘူး!" ယန်ကျန်းတစ်ယောက် မကြာခင်မှာပဲ အကူအညီအော်ခေါ် တောင်းခံနေတော့သည်။
ဟယ်ချန်းတိုင်းပြည်ဟာ အမြဲတမ်း ငြိမ်းချမ်းသာယာနေခဲ့တာ ဖြစ်သည်။ သူဟယ်ချန်းစီရင်စုမြို့မှာ ရုံးတော်အရာရှိတစ်ယောက်အဖြစ် အလုပ်လုပ်တဲ့အချိန်တုန်းက သူကြုံတောင့်ကြုံခဲမှသာ ဓားကိုအသုံးပြုဖို့ လိုအပ်တာဖြစ်သည်။ အဲ့ဒါကြောင့် သူ့ရဲ့စွမ်းရည်က သဘာဝကျကျကိုပဲ အရမ်းသာမန်ဆန်သည်။ အခုချိန်တွင် သူကျန်းရှန်ကို လုံးဝမရိုက်နှက်လိုက်နိုင်ပါဘူး။ အဲ့ဒါကြောင့် သူ့ခမျာမှာ သနားညှာတာပေးဖို့အတွက် တောင်းပန်နေရုံသာ တတ်နိုင်တော့သည်။

VOUS LISEZ
TOFUH (BL) [Myanmar Translation]
Roman d'amourThis novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Complete Status in COO : 177 chapters+2extras Start date - 25.8.2021 End date -