Zawgyi
အမှန်တကယ်မှာတော့ ကျန်းလောင်ထုံကလည်း တွန့်ဆုတ်နေမိပေမဲ့ သူအမှန်တကယ်ကို ကျန်းရှန်ကို ကြောက်ရွံ့မိသည် . . . သက်ပြင်းတစ်ချက် ချသံနဲ့အတူ ကျန်းလောင်ထုံတစ်ယောက် ရွာအနောက်ဘက်ပိုင်းကို တစ်ချက် သွားကြည့်ကြည့်ဖို့အတွက် လူအချို့ကို ခေါ်သွားဖို့ လုပ်လိုက်တော့သည်။ ဒါပေမဲ့ သူစကားစတင် မပြောရသေးခင်မှာပဲ ကျန်းရှန်တစ်ယောက် ယန်ကျန်းကို မီးဖိုချောင်ထဲကနေ တရွတ်တိုက် ဆွဲထုတ်လာတာကို သူမြင်လိုက်ရသည်။
"အဲ့မိမစစ်ဖမစစ်ကောင်က အရမ်းမုန်းတီးစရာ ကောင်းမယ်မှန်းသာ အစကတည်းက ကြိုသိခဲ့မယ်ဆိုရင် ငါသူ့ကို အိမ်သာထဲမှာမွေးပြီး ရေအင်တုံထဲမှာ နှစ်သတ်ပစ်မိခဲ့မှာ!" ကျန်းလောင်ထိုက်က ကျန်းရှန်ကို မမြင်သေးပါဘူး။ အဲ့ဒါကြောင့် သူမကသူ့ကို ဆက်လက် ဆဲဆိုနေတုန်းပဲ ဖြစ်သည်။ "ဘာလို့သူ ဒီအတိုင်း မသေသွားရတာလဲ? သူ့ဘဝက ကပ်ဆိုးတစ်ပါးလိုမျိုးပဲ!"
"တော်လိုက်တော့!" ကျန်းလောင်ထုံက ကျန်းလောင်ထိုက်ကို အော်လိုက်ပြီးတော့ ကျန်းရှန်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ ကြည့်လိုက်မိသည်။
ကျန်းရှန်က ယန်ကျန်းကို ဆွဲထုတ်လာလိုက်ပြီးတော့ အပြင်ဘက်မှာရှိနေတဲ့လူတွေကို အပြုံးလေးတစ်ပွင့်နဲ့ ကြည့်လိုက်သည်။ ကျန်းလောင်ထိုက်တစ်ယောက် သူ့ကိုမြင်လိုက်တဲ့အချိန်မှာ သူမရဲ့အသံက သူမကို တစ်ယောက်ယောက်က လည်ပင်းညစ်ထားသလိုမျိုး ရုတ်ခြည်း တိတ်သွားတော့သည်။
"ငါမှတ်မိသလောက်ဆိုရင် အဲ့ဒီတစ်ထပ်အိမ်ကလေးက အရမ်းယိုယွင်းပျက်စီးနေပြီးတော့ အဲ့ဒါကို အကောင်းအတိုင်းဖြစ်အောင် ပြန်ပြင်ဆောက်ဖို့ဆိုရင် အားအများကြီး စိုက်ထုတ်ရမှာပဲ။ မင်းတို့တွေငါ့အတွက် အဲ့အိမ်ရဲ့ဘေးမှာ အိမ်အသစ်တစ်လုံးကို ဆောက်ပေးလိုက်တာ ပိုကောင်းမယ်။ တောင်ဘက်ကို မျက်နှာမူနေတဲ့ အိမ်ကြီးနှစ်လုံးရှိသင့်ပြီးတော့ မြောက်ဘက်ကို မျက်နှာမူနေတဲ့ သစ်ကယ်မိုးအိမ်လေးထဲမှာ သံအိုးတွေ ပြတ်လပ်နေတာမျိုးလည်း မရှိသင့်ဘူး . . . " ကျန်းရှန်က လိုအပ်ချက်အများအပြားကို ပြုလုပ်လိုက်ပြီး နောက်ဆုံးမှာတော့ ပြောလိုက်သည်။ "မင်းတို့တွေ ဖြတ်လမ်းနည်းမလိုက်ရင် ကောင်းမယ်။ တကယ်လို့ မင်းတို့တတွေ အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုရင် ငါဒီအရာရှိရဲ့အသားနည်းနည်းစီကို ဖြတ်ထုတ်ပစ်လိုက်မယ်။"
YOU ARE READING
TOFUH (BL) [Myanmar Translation]
RomanceThis novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Complete Status in COO : 177 chapters+2extras Start date - 25.8.2021 End date -