Zawgyi
ဒီရက်တွေမှာ ကျန်းရှန်ကသူ့ကို ဗိုက်အဆာခံလို့မဖြစ်ဘူးလို့ ပြောနေပြီးတော့ အမြဲတမ်း သူ့အတွက် စားစရာတွေ ယူလာပေးတတ်သည်။ သူတို့တတွေ အခုလက်ရှိအချိန်မှာ စကားပြောလို့ မရသေးသော်ငြားလည်းပဲ ကျန်းရှန်ကတော့ သူ့ကိုဂရုစိုက်ပေးဖို့အတွက်ကို သတိရနေဆဲဖြစ်သည်။
ကျောက်ကျင့်တစ်ယောက် သူ့ရဲ့နှလုံးသားထဲမှာ နွေးထွေးမှုလေးတစ်ခုကို ခံစားလိုက်ရပေမဲ့ သူ့ပတ်ပတ်လည်က လူတွေကတော့ ဒီအကြောင်းကို အများကြီး မတွေးတောကြပါဘူး။ သူတို့တတွေရဲ့လက်ထဲက ကိရိယာတန်ဆာပလာအမျိုးမျိုးကို အောက်ကို ချလိုက်ကြပြီးတော့ ကျန်းမိသားစုအိမ်ဆီကို ကျန်းရှန်အနောက်ကနေ လိုက်လာခဲ့ကြသည်။ တချို့လူတွေက သူတို့တွေ ထွက်သွားနေကြတာလို့ ကျန်းရှန်တွေးတောမှာကို ကြောက်တာကြောင့် အိမ်သာကိုတောင် မသွားရဲကြတော့ပါဘူး။
သူက ရုံးတော်အရာရှိတစ်ယောက်ကိုတောင် ရိုက်နှက်ရဲတဲ့လူတစ်ယောက် ဖြစ်ပြီးတော့ အရမ်းခွန်အားကြီးနေကျအရာရှိက အခုချိန်မှာတော့ ကျန်းရှန်ရဲ့အရှေ့မှာ အသံတစ်သံတောင် မထွက်ရဲရှာတော့ပါဘူး။
လူအုပ်စုက မကြာခင်မှာပဲ ကျန်းလောင်ထိုက်တစ်ယောက် သူမရဲ့အိမ်နီးနားချင်းတွေဆီကနေ ငှါးရမ်းထားတဲ့ စားပွဲသုံးလုံးကို ခင်းကျင်းထားတဲ့ ကျန်းမိသားစုအိမ်ဆီ ရောက်ရှိလာခဲ့ကြသည်။
ရွာထဲက တစ်စုံတစ်ယောက်က အိမ်တစ်လုံးကို ဆောက်ချင်တဲ့အချိန်မှာဆိုရင် လူတိုင်းလူတိုင်းက ကူညီတတ်ကြသည်။ အဲ့အတွက် ငွေပေးဖို့ မလိုအပ်ပေမဲ့ သူတို့တတွေက သူတို့ရဲ့ဗိုက်တွေ ပြည့်တဲ့အထိ စားနိုင်အောင်လို့တော့ ပြုလုပ်ပေးရမှာ ဖြစ်သည် . . . ကြက်သား၊ ဝက်သားနဲ့ ဘဲသားတွေကိုတော့ ဧည့်ခံစရာမလိုအပ်ပေမဲ့ အနည်းဆုံး ငါးနဲ့ ကြက်ဥ နှစ်ပန်းကန်လောက်တော့ ရှိသင့်တာ ဖြစ်ပြီးတော့ ဟင်းသီးဟင်းရွက်တွေကိုလဲ ပြုတ်ထားရုံတင်မကပဲနဲ့ ဆီပူပူထဲမှာ ထည့်မွှေကြော်ထားသင့်တာ ဖြစ်သည်။
သို့သော်လည်း ကျန်းလောင်ထိုက်ကတော့ ဆားရည်စိမ်ထားသော ဟင်းသီးဟင်းရွက်စွပ်ပြုတ်၊ ပန်းဂေါ်ဖီပြုတ်နဲ့ အသီးအရွက်များကိုသာ ပြင်ဆင်ထားခဲ့သည်။ ဒီသတ်သတ်လွတ်ဟင်းပွဲတွေမှာ မမျှော်လင့်ထားစွာနဲ့ တိုဖူးလေးတောင် မပါဝင်ခဲ့ပါဘူး။
YOU ARE READING
TOFUH (BL) [Myanmar Translation]
RomanceThis novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Complete Status in COO : 177 chapters+2extras Start date - 25.8.2021 End date -