Chapter(13):ရေချိုငါးကို အတူတကွစားကြခြင်း-2

2.6K 569 18
                                    

Zawgyi

ကျောက်ကျင့်တစ်ယောက် အမှန်တကယ်ကို ထွက်သွားချင်နေပြီဖြစ်သည်။ ဒါပေမဲ့ကျန်းရှန်အတွက်လည်း စိုးရိမ်နေမိသည်။ သူတစ်ဖက်လူကို နာကျင်အောင်လုပ်မိမှာကို စိုးရိမ်မိသည်။ ပြီးတော့သူ အဲ့ဒီရေချိုငါးပန်းကန်လုံးကို မှောက်ချမိမှာကို သူကြောက်မိသည်။ သူရုန်းကန်လှုပ်ရှားဖို့ကို ကြောက်လန့်နေမိသည်။ "မင်းငါ့ကို လွှတ်ပေး!" ကျန်းရှန်က အမြဲတမ်းထုံထိုင်းနေပြီးတော့ ဘယ်သူ့ကိုမှ သူစကားမပြောရဲခဲ့ဘူးမဟုတ်လား? ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်ပျက်သွားရတာလဲ?

တကယ်လို့သူတို့နှစ်ယောက်ကို ဒီလိုမျိုးအခြေအနေနဲ့သာ မြင်သွားခဲ့ကြမယ်ဆိုရင် သူတို့တွေ ရွာသားတွေရဲ့တံတွေးပင်လယ်ထဲမှာ နစ်မြှုပ်သွားကြလိမ့်မယ်!

သူနဲ့ကျန်းရှန်တို့ ဒီလိုမျိုးလုပ်နေကြတာက မှားယွင်းနေတယ်ဆိုတာကို ကျောက်ကျင့်ကောင်းကောင်းသိပေမဲ့လည်း ဘာလို့လဲတော့သူမသိဘူး။ ဒါပေမဲ့ သူအရမ်းဒေါသမထွက်မိဘူး။

အဆီဖုံးပြီး မျက်နှာအရေထူတဲ့ အဲ့ဒီယောက်ျားတွေက သူတို့ရဲ့ဇနီးကို ဘာလို့လျင်လျင်မြန်မြန် အမြဲတမ်းရှာတွေ့သွားသလဲဆိုတာကို သူဘယ်တုန်းကမှ နားမလည်ခဲ့ဖူးပါဘူး။ ဒါပေမဲ့အခုတော့ သူဝိုးတိုးဝါးတား နားလည်သဘောပေါက်လာပြီဖြစ်သည်။

"ငါမင်းကို လွှတ်ပေးမှာပါ။ ဒါပေမဲ့ မင်းမထွက်သွားရဘူး။ မဟုတ်ရင် ငါမင်းအိမ်အထိကိုလာရှာမယ်။" ကျန်းရှန်က ပြောလိုက်သည်။ သူအမှန်တကယ်ကို သူ့ကိုနမ်းချင်နေပြီဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ ကျောက်ကျင့်က အရမ်းရှက်တတ်လွန်းသည်။ တကယ်လို့သူဒီကောင်လေးကို အမှန်တကယ်နမ်းဖို့ ကြိုးစားလိုက်မယ်ဆိုရင် သူကျိန်းသေပေါက်ကို ထွက်ပြေးသွားလိမ့်မယ်။ အခုချိန်မှာတော့ သူဒါကိုဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။

ဘာပဲဖြစ်ဖြစ် သူချုပ်တည်းထားရပေမဲ့လည်း သူကအစကတည်းကကို ကျောက်ကျင့်ကိုသူ့လူအဖြစ် မှတ်ယူထားပြီးသားဖြစ်သည်။ သေချာပေါက်ကို ကျောက်ကျင့်နဲ့အတူတူနေရမှာက သူ့အတွက်တော့ ပြဿနာမရှိပါဘူး။

TOFUH (BL) [Myanmar Translation]Where stories live. Discover now