Chapter(14):ပရောပရည်လုပ်ခြင်း ဖြစ်စဉ်က တိုးတက်လာသောအခါ-1

2.5K 549 13
                                    

Zawgyi

ကျောက်ကျင့်တစ်ယောက် သစ်တောထဲတွင် အချိန်ခဏလောက်စောင့်နေရင်း ထင်းအချို့ကိုတောင် ဖြတ်နေလိုက်သေးသည်။

သူကျန်းရှန်လာနေတာကို မြင်လိုက်တဲ့အချိန်မှာ သူချောင်းအသာလေး ဆိုးလိုက်မိပြီးတော့ သူ့ရဲ့အပေါက်အဖာတွေနဲ့ ပြည့်နေတဲ့အဝတ်အစားကို စိတ်မသက်မသာဖြစ်စွာ ငုံ့ကြည့်လိုက်မိသည်။

ကျောက်ကျင့်တစ်ယောက် သူဝတ်စားထားတာက ကျန်းရှန်ထက်အဖြစ်ဆိုးလိမ့်မယ်လို့ သူမတွေးမိပါဘူး။ ဒါပေမဲ့အခုတော့ . . . ကျောက်ကျင့်တစ်ယောက် ဘာလို့မှန်းမသိပေမဲ့ သူကတစ်ဖက်လူနဲ့မထိုက်တန်ဘူးလို့ သူခံစားလိုက်ရသည်။

"မင်းအခုထိ ဘာမှမစားရသေးဘူးမလား? ငါမင်းစားဖို့ တစ်ခုခုယူလာတယ်။" ကျန်းရှန်က ပြုံးရယ်လိုက်သည်။ မော်ဒန်ခေတ်မှာဆိုရင် ဒိတ်အစမှာ သူသူ့ကို အစားကောင်းကောင်း ကျွေးမွေးရမှာဆိုပေမဲ့ အခုချိန်မှာတော့ သူကျောက်ကျင့်ဆီကို ဆန်ညိုနဲ့ကြက်ဥတွေကိုသာ ယူလာပေးနိုင်သေးသည်။ အနာဂတ်မှာ သူဝင်ငွေရလာတဲ့အချိန်ကျရင် သူကျောက်ကျင့်ကို ကောင်းကောင်းစား ကောင်းကောင်းသောက်ခိုင်းရမယ်။

"မလိုပါဘူး။ ငါကဒီအချိန်တွေမှာ အစားစားလေ့မရှိဘူး။" ကျောက်ကျင့်က လျင်လျင်မြန်မြန်ငြင်းဆန်လိုက်သည်။ တကယ်လို့ နှိုင်းယှဉ်ကြည့်လိုက်လို့ ကျန်းရှန်က ချမ်းသာနေတယ်ဆိုရင်တောင်မှပဲ သူတခြားလူရဲ့အစားအစာတွေကိုပဲ စားနေလို့မဖြစ်ဘူးလေ။ ကျန်းရှန်သူ့အတွက်ယူလာပေးတဲ့ အစားအစာအများစုက သူ့ကိုယ်ပိုင်ဝေစုထဲကနေ လာတယ်ဆိုတာကိုတော့ ပြောနေစရာတောင်မလိုဘူး။

"ငါဒါတွေကို ယူလာပြီးပြီလေ။ မင်းမစားလို့မရဘူး။" ကျန်းရှန်ကတော့ အရမ်းကိုဇွဲကောင်းနေပြီးတော့ မနေ့ညက လက်တွေကိုကိုင်တဲ့အတွေ့အကြုံကို ကြုံတွေ့ဖူးပြီးနောက် သူသူ့ဆီရောက်တာနဲ့ချက်ချင်း သူကျောက်ကျင့်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီးနောက် လွှတ်ပေးဖို့ကို ငြင်းဆန်လိုက်သည်။

မနေ့ညတုန်းက မှောင်မိုက်နေတာဖြစ်သည်။ အဲ့ဒါကြောင့် ကျောက်ကျင့်က အကိုင်ခံရတာကို အသားကျနေပေမဲ့လည်း ထင်သာမြင်သာရှိနေတဲ့ နေ့ခင်းဘက်ကြီးမှာတော့ မဟုတ်ဘူးလေ။

TOFUH (BL) [Myanmar Translation]Wo Geschichten leben. Entdecke jetzt