Chapter(34):ယုန်တစ်ကောင်ကို ပေးခြင်း-2

1.6K 260 6
                                    

Zawgyi

Chapter(34):ယုန်တစ်ကောင်ကို ပေးခြင်း-2

သူက အမြဲတမ်း လှေပေါ်မှာ နေခဲ့တာဆိုပေမဲ့လည်း ကမ်းစပ်ပေါ်မှာ နေထိုင်တဲ့လူတွေလိုမျိုး ဘဝတစ်ခုကို မတောင့်တဘူးလို့ မဆိုလိုဘူးလေ။ အမှန်တကယ်မှာတော့ ကမ်းစပ်ပေါ်မှာ မြေကွက်တစ်ကွက်ကို ဝယ်ပြီး အခြေချနေထိုင်ရန် ဝင်ငွေရှာဖို့အတွက် သူအမြဲ စဉ်းစားတွေးတောနေခဲ့တာ ဖြစ်သည်။

ဒါပေမဲ့ ဒီကိစ္စက ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်ကူနိုင်ပါ့မလဲ?

သူငွေလုံလုံလောက်လောက် ရှာဖွေမစုဆောင်းနိုင်တဲ့ကိစ္စကို မပြောသေးနဲ့အုံး။ တကယ်လို့ သူလုပ်နိုင်ခဲ့မယ် ဆိုရင်တောင်မှပဲ ရွာအများစုက သူ့လိုမျိုး အပြင်လူတွေကို ငြင်းဆန်တတ်ကြသည်။ သူစဉ်းစားရဲတဲ့ တစ်ခုတည်းသောအရာက သူသားကောလေးကို ကမ်းစပ်ပေါ်က ယောက္ခမမိသားစုအိမ်နဲ့ လက်ထက်ထိမ်းမြားပေးဖို့သာ ဖြစ်သည်။

ကျန်းရှန်ကသူ့ကို ယာယီနေထိုင်ဖို့မျှသာ ခွင့်ပြုပေးခဲ့သော်ငြားလည်းပဲ ဝမ်ဟိုက်ရှန်းကတော့ အတော်လေး ကျေးဇူးတင်မိနေဆဲ ဖြစ်သည်။

ဆန်းရှောင်ရှန့်က ဖျားနာနေသေးပြီးတော့ လမ်းမလျှောက်နိုင်သေးတာကြောင့် ဝမ်ဟိုက်ရှန်းကသူ့ကို သူ့ကျောပေါ်တွင် သယ်ဆောင်လာခဲ့လိုက်သည်။ ထို့နောက် ကျန်းရှန်ရဲ့အိမ်ဆီသို့ သူတို့တွေ အုပ်စုလိုက် သွားလိုက်ကြသည်။

လမ်းတစ်လျှောက်တွင် သူတို့တတွေ ဟယ်ရှီရွာရဲ့ ရွာသားအချို့နဲ့လည်း ​တွေ့ဆုံခဲ့ကြသည်။

ဝမ်ဟိုက်ရှန်းက ဒီနေရာမှာ နေထိုင်လာတာ အချိန်အကြာကြီး ရှိနေပြီ ဖြစ်တာကြောင့် ဒီနေရာက လူအချို့နဲ့ သူသိသည်။ ဒါပေမဲ့ ဒီလူတွေက သူ့ဘဝထဲကို အလျင်အမြန် ဝင်ရောက်လာခဲ့ကြပြီးတော့ သူ့အပေါ်မှာလည်း အရမ်းဖာသိဖာသာသာ ရှိတတ်ကြသည်။ အဲ့ဒါကြောင့်ပဲ ကျန်းရှန်ရဲ့အနောက်ကနေ လိုက်လာပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က လာပြီးတော့ သူ့ကိုအဝေးကို နှင်ထုတ်လိုက်ဖို့ ကျန်းရှန်ကို ပြောလိုက်မှာကို သူစိုးရိမ်နေခဲ့မိသည်။

TOFUH (BL) [Myanmar Translation]Dove le storie prendono vita. Scoprilo ora