Chapter(36):လှေ ပြုပြင်မွမ်းမံခြင်းနဲ့ သတင်းများ-2

2.8K 213 31
                                    

Zawgyi

Chapter(36):လှေ ပြုပြင်မွမ်းမံခြင်းနဲ့ သတင်းများ-2




သေချာပေါက်ကို သူအမွှေးတိုင် ဒါမှမဟုတ် ကျောက်စိမ်းကို ခိုးယူမှာ မဟုတ်ပါဘူး . . . ကျောက်ကျင့်က နေ့တိုင်း အလုပ်များနေပြီးတော့ သူတို့နှစ်ယောက်သားကလည်း အခုထိ လက်မထပ်ရသေးတာကြောင့် ကျောက်ကျင့်ကို အမှန်တကယ် တစ်စုံတစ်ခုပြုလုပ်ဖို့ သူ့အတွက် သဘာဝကျကျကို မဖြစ်နိုင်ပါဘူး။

သူငါးဟင်းကို ကျောက်ကျင့်ဆီ ပြတင်းပေါက်ကနေ ကမ်းပေးလိုက်သည်။ ကျင့်ဒါကို ယူလိုက်ပြီးတဲ့အခါ ကျောက်ကျင့်ရဲ့အခန်းဆီ သူတိတ်တဆိတ် ဝင်သွားလိုက်သည်။ ထို့နောက် သူဖယောင်းတိုင် အသေးလေးတစ်တိုင်ကို ယူထုတ်လိုက်ပြီးတော့ မီးထွန်းလိုက်သည်။

ဖယောင်းတိုင် မီးအလင်းရောင်အောက်တွင် ကျောက်ကျင့်က ငါးဟင်းကို ဖြေးညင်းစွာ စတင်စားလိုက်သည်။

ကျောက်ကျင့်ကလည်း အမှန်မှာတော့ ငါးစားရခြင်းကို ငြီးငွေ့နေပြီဆိုပေမဲ့ ဒါကို သူစားဖို့အတွက် ကျန်းရှန်က ယူလာခဲ့ပေးတာ ဖြစ်သည်။ သူဒါကို ဘယ်လောက်ပဲ ငြီးငွေ့နေပါစေ ဒီအရသာက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ သူဒါကို ပြောင်ရှင်းအောင် စားပစ်လိုက်သည်။ ဒါ့အပြင် သူက ကျေးဇူးကန်းတတ်သူ မဟုတ်ပါဘူး။ ကျန်းရှန်က သူ့ကောင်းကျိုးအတွက် ငါးဟင်းကို စားခိုင်းတယ်ဆိုတာက သူ့အတွက် သိသာနေပါသည်။

အရင်က သူမဖျားဖူးသော်ငြားလည်းပဲ သူမကြာခဏ ဒူးနာ၊ ကြွက်တက်တတ်သည်။ မကြာသေးခင်က ဒီပြဿနာတွေ မပေါ်ပေါက်လာခဲ့ပေ။

ကျောက်ကျင့်က ငါးဟင်းကို တိတ်တဆိတ် စားနေပြီးတော့ စကားမပြောပေ။ ကျန်းရှန်ကလည်း သူ့ကို တိတ်တိတ်လေး ကြည့်နေပြီးတော့ စကားမပြောပေ။ ဒါက ကျောက်ဖူကွေ့နဲ့ ကျောက်လျိုတို့တွေ ရှာတွေ့သွားမှာကို ကြောက်နေမိတာကြောင့် ဖြစ်သည်။ ဒါပေမဲ့လည်း . . . စကားမပြောပဲ အတူတူနေနေရတာကလည်း ကောင်းတာပဲ။

အဲ့ညတွင် သူတို့တွေ ဂွမ်းစောင်အောက်မှာ အချင်းချင်း စကားစမြည် ပြောဖြစ်ခဲ့ကြသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Jun 04, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

TOFUH (BL) [Myanmar Translation]Onde histórias criam vida. Descubra agora