Chapter(36):လှေ ပြုပြင်မွမ်းမံခြင်းနဲ့ သတင်းများ-1

1.1K 146 0
                                    

Zawgyi


Chapter(36):လှေ ပြုပြင်မွမ်းမံခြင်းနဲ့ သတင်းများ-1



မနေ့ညတုန်းက ဆန်းရှောင်ရှန့်တစ်ယောက် နေလို့မကောင်းပေမဲ့ ဒီနေ့မှာတော့ သူပိုသက်သာလာပြီးတော့ ထထိုင်နေနိုင်ပြီ ဖြစ်သည်။

ဒီခေတ်နေ့ရက်တွေမှာဆိုရင် ကိုးနှစ်အရွယ် ကလေးတစ်ယောက်က အိမ်မှာ အရာအားလုံးနီးပါးကို လုပ်နိုင်နေပြီဖြစ်သည်။ အဲ့ဒါကြောင့် ဝမ်ဟိုက်ရှန်းက ဆန်းရှောင်ရှန့်ကို ဂရုစိုက်ပြုစုပေးထားဖို့ ဝမ်ယွီအာကို ပြောလိုက်ပြီးတော့ လှေကို သန့်ရှင်းရေးလုပ်ဖို့ ကျန်းရှန်ကို ခေါ်သွားလိုက်သည်။

လှေက အနည်းငယ် ညစ်ပတ်နေပေမဲ့ အဲ့ဒါကို ကောင်းကောင်းဂရုစိုက်ထားတာ ဖြစ်သည်။ ပိုင်ရှင်ကဒါကို အတော်လေး ချစ်မြတ်နိုးတယ် ဆိုတာကို မြင်နိုင်နေသည်။

"ဒီလှေကို အရင်တစ်စင်းက ဆက်အသုံးပြုဖို့အတွက် အရမ်းကျိုးပဲ့လွန်းနေတာကြောင့် လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက အသစ်ဆောက်လုပ်ထားခဲ့တာလေ။ အဲ့အချိန်တုန်းက ကျွန်တော့်မှာ စုမိဆောင်းမိထားတဲ့ ငွေအချို့ရှိနေတာမို့ ကျွန်တော်ဒီလှေကို ပြောင်းခဲ့တာလေ။" ဝမ်ဟိုက်ရှန်းက ကျန်းရှန်ရဲ့လိုအပ်ချက်များနဲ့အညီ လှေကို သန့်ရှင်းရေးလုပ်နေရင်း ပြောလိုက်သည်။ ထို့နောက် လှေရဲ့ဘယ်နေရာမှာ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေတယ် ဆိုတာနဲ့ ဘယ်နေရာမှာတော့ စင်တွေကို ထပ်ထည့်လို့ ရသေးတယ်ဆိုတဲ့ အကြောင်းကို သူပြောပြလိုက်သည်။

"မင်းပြင်နိုင်လား?" ကျန်းရှန်က မေးလိုက်သည်။

"ဟုတ်ကဲ့။ ကျွန်တော်က လှေတွေနဲ့ အချိန်အကြာကြီး ထိတွေ့လာခဲ့သူမို့ ကျွန်တော် ဒါတွေကို ပြုပြင်နိုင်ပါတယ်။ ကျွန်တော်မှာ ကိရိယာတွေ အများကြီးရှိတယ်။" ဝမ်ဟိုက်ရှန်းက ပြောလိုက်သည်။ "တကယ်လို့ ကျွန်တော့်မှာ ပစ္စည်းအလုံအလောက်နဲ့ နောက်ထပ် ကိရိယာအနည်းငယ်သာ ထပ်ရှိမယ်ဆိုရင် ကျွန်တော် နောက်ထပ်တစ်စင်းကို ထပ်ဆောက်လို့ရနိုင်တယ်။"

သူငယ်စဉ်ကလေးဘဝကတည်းက သူ့မိဘတွေနဲ့အတူ ငါးဖမ်းလှေပေါ်မှာ နေထိုင်ခဲ့တာဖြစ်သည်။ အဲ့အချိန်တုန်းကဆိုရင် လှေက အစပိုင်းမှာ အနည်းငယ် ယိုယွင်းပျက်စီးနေခဲ့ပြီးတော့ မကြာမကြာ ပြန်လည်ပြုပြင်နေခဲ့ရသည်။ လှေဆောက်ဖို့ တစ်စုံတစ်ယောက်ကို သူလိုက်ရှာတဲ့အခါတုန်းက ဖြစ်စဉ်တစ်ခုလုံးကို သူထိုင်ကြည့်နေခဲ့ပြီးတော့ လှေဆောက်ခြင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုကို သင်ယူခဲ့ရသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now