Chapter(17):ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။-2

2.5K 524 4
                                    

Zawgyi

လယ်ယာပစ္စည်းတွေကို ပြန်သွားပေးပြီး ကျောက်ဒါဟူကို အလုပ်အချို့ ကူညီလုပ်ကိုင်ပေးပြီးနောက် သူဖွက်ထားတဲ့သူ့ရဲ့ဝါးခြင်းတောင်းကို သူ့နောက်ကျောပေါ်မှာ တင်လိုက်ပြီးတော့ အိမ်ကိုပြန်လာခဲ့တော့သည်။

"အဖေ အမေ ကျွန်တော်ပြန်လာပြီ။" အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျောက်ကျင့်တစ်ယောက် ဝါးခြင်းတောင်းကို သူ့အမေဆီပေးလိုက်သည်။

"ငါးတွေဖမ်းလာခဲ့တာလား? ကျင့်" ကျောက်လျိုက ဝါးခြင်းတောင်းကို ကြည့်ပြီးတော့ သူမသားက အလုပ်ချိန်အတွင်းမှာ ငါးဖမ်းဖို့အချိန်ရှိနေတာကြောင့် အံ့အားသင့်မှုအချို့နဲ့ မေးလိုက်သည်။

"ကျွန်တော်ဖမ်းလာတာ မဟုတ်ပါဘူး။ ကျန်းလောင်တက ကျွန်တော့်အတွက် ဖမ်းပေးခဲ့တာပါ။" ကျောက်ကျင့်တစ်ယောက် အနည်းငယ်မလုံမလဲ ရှက်ကိုးရှက်ကန်းဖြစ်စွာ သူ့ရဲ့ခေါင်းကိုငုံ့ထားရင်း ပြောလိုက်သည်။

ကျောက်ကျင့်တစ်ယောက် ကျန်းလောင်တအကြောင်း ပြောလိုက်တဲ့အချိန်မှာ သူ့မိဘတွေသူ့ကို နောက်ထပ်မေးခွန်းအချို့ မေးလာစေဖို့ကို မျှော်လင့်နေလျက် ကျေနပ်အားရစိတ်လေးကို သူ့နှလုံးသားထဲမှာ သူခံစားလိုက်ရသည်။ ဒါပေမဲ့ ကျောက်လျိုကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး လုံးဝကို အများကြီးမတွေးမိပါဘူး။ "အရင်တစ်ကြိမ်တုန်းက သားသူ့ကို ကယ်ပေးခဲ့တဲ့အတွက် သူကသားကို ကျေးဇူးတင်နေတာများလား? ဘယ်လိုမျိုးကျေးဇူးတင်ရမလဲဆိုတာကို သူသိနေတာပဲ။"

ကျောက်လျိုက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ မကြာသေးခင်တုန်းက သူ့အမေက ရွာထဲမှာ သူ့ကို နေ့တိုင်းဆူပူနေတယ် . . . တကယ်လို့ သားသူ့ကိုတွေ့ရင် သူ့ကိုစကားအချို့ပြောပြီး ဖျောင်းဖျကြည့်လိုက်ပါ။ သူတို့တွေက သူ့ရဲ့အဖေ၊ အမေ ဖြစ်နေသေးတုန်းပဲလေ။"

အတိတ်မှာတုန်းက ကျန်းလောင်တ အနိုင်ကျင့်ခံရတဲ့အချိန်တုန်းကဆိုရင် ဟယ်ရှီရွာကလူတွေက သူ့ကိုသနားဂရုဏာသက်ခဲ့ကြပေမဲ့ သူက ရုတ်တရက်သန်မာလာပြီး အနိုင်ကျင့်တဲ့သူတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ ကျန်းလောင်ထိုက်က သူ့အစား သနားဂရုဏာသက်ခံရသူတစ်ယောက် ဖြစ်လာခဲ့သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now