Chapter(4):မင်းကိုသေတဲ့အထိ ဆူဆဲပစ်မယ်။-2

3K 636 3
                                    

Zawgyi

ကျန်းလောင်ထိုက်က အိမ်မှာအထက်စီးဆန်ဆန်နေတတ်ပေမဲ့ သူမကတစ်ခြားလူတွေကိုတော့ ဓားနဲ့မရွယ်ရဲပါဘူး။ အခုတော့ကျန်းရှန်က ကြောက်စရာကောင်းတဲ့အပြုအမူနဲ့ ဓားတစ်ချောင်းကိုင်ထားတာကို သူမမြင်လိုက်ရသည်။ သူမရဲ့ခြေထောက်တွေတုန်ခါလာပြီးနောက် အားနည်းလာပြီး သူမ​မြေကြီးပေါ်ကို လှဲကျသွားတော့သည်။ အကြောင်းပြချက်တစ်ချို့ချို့ကြောင့် သူမသားကသူမကို အမှန်တကယ်သတ်လိမ့်မယ်လို့ ခံစားလိုက်ရသည်။

ဒီမကောင်းတဲ့အကောင်!

"ခင်ဗျားကျွန်တော့်ကို တစ်ယောက်တည်းလွှတ်ထားတာ ပိုကောင်းမယ်!" ကျန်းရှန်ကသူ့ဓားကို ဝှေ့ယမ်းရင်းလေသံအေးအေးနဲ့ အခန်းဆီကိုပြန်ပြီးနောက် သူ့တံခါးပေါက်ကို ရှော့ခ်ရမှုတွေနဲ့ကြည့်နေကြတဲ့ ကျန်းမိသားစုဝင်တွေကို အပြင်ဘက်မှာချန်ထားခဲ့ပြီးနောက် တံခါးကိုပိတ်ချလိုက်တော့သည်။

ဒီ... ဒီ... ဒီလူက ရိုးအတဲ့ကျန်းလောင်တရော ဟုတ်သေးရဲ့လား?

ကျန်းလောင်ထုံက သားသတ်သမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ အရမ်းသန်မာသည်။ သူ့ကိုယ်ပေါ်ကို ဟင်းပွဲတွေ ဖိတ်စင်သွားခဲ့ရုံသာဖြစ်သည်။ သူသူ့ရဲ့သားအကြီးဆုံးကို သင်ခန်းစာကောင်းကောင်းပေးချင်ပေမဲ့ သူဓားနဲ့သူ့သားရဲ့အေးစက်စက်အသံကို ကြားလိုက်တဲ့အချိန်မှာ သူမလှုပ်ရှားရဲတော့ဘူး။

ကျန်းချန်ဝမ်း၊ သူ့ဇနီးရွှမ်းမင်နဲ့ ကျန်းရှောင်မိန်တို့ကလည်း လှုပ်ရှားဖို့ကိုပိုပြီးတော့တောင် ကြောက်လန့်နေကြပြီးတော့ ကြောင်ကြောင်အအနဲ့အဲ့နေရာမှာပဲ ကြောင်ရပ်နေမိကြသည်။

"ဒီအကောင်..." ကျန်းလောင်ထိုက်က​ ရှော့ခ်ရနေတဲ့အခြေအနေမှာ ရှိနေဆဲဖြစ်နေပေမဲ့ သူမပါးစပ်ကိုဖွင့်လိုက်တာနဲ့ တစ်ကြိမ်ကျိန်ဆဲမိနေပြီးတော့ ကျိန်ဆဲပြီးတဲ့အချိန်ကျရင်လည်း မတုန်လှုပ်ပဲမနေနိုင်ဘူး။

"အဟွတ် တော်ပြီ။ ဒီနေ့က လောင်စန်းရဲ့လက်ထပ်ပွဲညပဲ။ ငြင်းခုံမနေကြနဲ့တော့။ လောင်စန်းဇနီးကိုဒီဟာသမျိုးတွေ မမြင်စေနဲ့။" ကျန်းလောင်ထုံကပြောပြီး သူ၏ဒုတိယသားကိုကြည့်လိုက်သည်။ "ချန်ဝမ်း
မင်းနဲ့မင်းဇနီး မင်းတို့ရဲ့အခန်းဆီပြန်သွားကြတော့။ ဒီဆူညံမှုကြီးကြောင် ယွမ့်ဝမ်းကိုမနိုးစေနဲ့။"

TOFUH (BL) [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon