Zawgyi
Chapter(34):ယုန်တစ်ကောင်ကို ပေးခြင်း-1
အဲ့နေ့တွင် မိုးမရွာပေ။ ကျန်းရှန်တစ်ယောက် ကျောက်ကျင့်ကို ထမင်းကျွေးပြီးနောက် သူလှည့်ပတ်လျှောက်သွားရန် ထပ်မံ ထွက်သွားခဲ့ပြန်သည်။ ယုန်တစ်ကောင်ကို တွေ့မြင်ရလောက်အောင်အထိ သူကံကောင်းခဲ့သည်။
အညိုရောင်ယုန်ကလေးက အရမ်းသတိရှိ နိုးကြားနေသည်။ ကျန်းရှန်ကို မြင်လိုက်တဲ့အချိန်မှာ သူအဝေးကို အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ ဒါကိုမြင်လိုက်တော့ ကျန်းရှန်တစ်ယောက် သူ့အနောက်ကို အပြေးလိုက်ဖမ်းတော့သည်။
သေချာပေါက်ကို သူယုန်နဲ့အမှီ ပြေးမလိုက်နိုင်ပေမဲ့ ကျန်းရှန်ရဲ့အမြင်အရ ပြောရမယ်ဆိုရင် ယုန်အနောက်ကို ခြေရာခံလိုက်ပြီးတော့ သူ့အသိုက်ကို ရှာဖွေဖို့ဆိုတာက မခက်ခဲပါဘူး။
ရက်အနည်းငယ်လောက် မိုးရွာနေခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်။ မြေကြီးက အရမ်းစိုစွတ် ပျော့ပျောင်းနေတာမို့ ခြေရာတွေကို အလွယ်တကူပဲ ကျန်ရစ်နိုင်ခဲ့စေတယ်လေ။
မကြာခင်မှာပဲ ကျန်းရှန်တစ်ယောက် လယ်ကန်သင်းရိုး အနီးနားတွင် အပေါက်သေးလေးတစ်ပေါက်ကို တွေ့လိုက်ရသည်။ အဲ့နောက်မှာ အနီးနားရှိ ပိုးစာပင်စိုက်ခင်းထဲတွင် သူနောက်ထပ် အပေါက်တစ်ပေါက်ကို တွေ့လိုက်ရပြန်သည်။
ယုန်အသိုက်တွင် အပေါက်သုံးပေါက် ရှိနေသည်။ တောယုန်ရိုင်းများတွင် အများအားဖြင့် အပေါက်မြောက်မြားစွာ ရှိတတ်ကြသည်။ မင်းအပေါက်တွေ အားလုံးကို ရှာတွေ့နေသရွေ့ သူတို့တွေကို ဖမ်းဖို့က အရမ်းလွယ်ကူသည်။
မကြာခင်မှာပဲ ကျန်းရှန်တစ်ယောက် ပိတ်ဆို့သင့်တဲ့ အသိုက်ရဲ့အပေါက်တွေအားလုံးကို ပိတ်ဆို့လိုက်သည်။ သူတို့တွေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အပေါက်တစ်ပေါက်သာ ကျန်ခဲ့တော့သည်။ အပေါက်တစ်ပေါက်အနီးတွင် သူစတင် မီးရှို့လိုက်သည် . . .
သိပ်မကြာခင်မှာပဲ မီးခိုးမွှန်ပြီး အသိုက်ထဲကနေ ထွက်ပြေးလာခဲ့တဲ့ ယုန်နှစ်ကောင်ကို ကျန်းရှန် ဖမ်းမိသွားခဲ့သည်။
![](https://img.wattpad.com/cover/282419811-288-k613178.jpg)
DU LIEST GERADE
TOFUH (BL) [Myanmar Translation]
RomantikThis novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Complete Status in COO : 177 chapters+2extras Start date - 25.8.2021 End date -