Chapter(14):ပရောပရည်လုပ်ခြင်း ဖြစ်စဉ်က တိုးတက်လာသောအခါ-2

2.6K 564 17
                                    

Zawgyi

"ကျင့် ငါ့မှာတကယ်ကို အစားအသောက်တွေ မပြတ်လပ်နေပါဘူး။ တကယ်လို့မင်းငါ့ကိုမယုံဘူးဆိုရင် ရွာထဲကိုသွားပြီး အဲ့အကြောင်းသွားမေးကြည့်လိုက်။ အခုကျန်းမိသားစုက ငါ့ကိုဗိုက်အဆာမခံခိုင်းရဲပါဘူး။" ကျန်းရှန်က ပြောလိုက်သည်။ "ထပ်ပြောရရင် မင်းကငါ့ဘဝကို ကယ်တင်ပေးခဲ့တာလေ။ မင်းဘာစားချင်လဲ? ရှင်းရှင်းသာပြောလိုက်။ မင်းကငါ့အပိုင်ဖြစ်တာမို့ ငါကမင်းကိုဂရုစိုက်ပေးရမှာပေါ့။"

ဘယ်အချိန်တုန်းက ကျန်းရှန်က သူ့အပိုင်ဖြစ်သွားရတာလဲ? ကျောက်ကျင့်ကဒါကို ပြန်​ချေပချင်ပေမဲ့လည်း ဒီအကြောင်းကို တွေးမိပြီးနောက်မှာ အဆုံးမှာတော့ သူဘာမှမပြောလိုက်ဖြစ်ပါဘူး။

တကယ်လို့ သူပြောလိုက်မယ်ဆိုရင် ကျန်းရှန်က အထင်လွဲသွားလိမ့်မယ်။ ပြီးရင်သူသူ့နဲ့အတူတူ နေချင်တော့မှာမဟုတ်ဘူး။ တကယ်လို့ သူတစ်စုံတစ်ယောက်ကို သွားရှာလိုက်ရင်ဘယ်လိုလုပ်မလဲ?

"နောက်ကျရင် ငါမင်းအတွက် စားစရာတွေယူလာပေးမယ်။ တကယ်လို့မင်းမစားဘူးဆိုရင် ငါစိတ်ဆိုးမိလိမ့်မယ်။" ကျန်းရှန်က ပြောလိုက်သည်။ ပြီးတော့ သူထပ်ပြောလိုက်သည်။ "ပြီးတော့ တကယ်လို့ မင်းငါ့ရဲ့စားစရာတွေကိုမစားပဲ ပြန်ပေးဖို့စဉ်းစားနေမယ်ဆိုရင် . . . မင်းတကယ် အဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင် ငါမင်းကိုအပြင်မှာ တွေ့တဲ့အချိန်ကျရင် တကယ်လို့မင်းငါ့ကို တကယ်ပြန်ပေးချင်တယ်ဆိုရင်တောင်မှ ငါမင်းကိုအဲ့ဒါကို ထပ်ပြီးပြန်ပေးနေမှာပဲ။"

ကျောက်ကျင့်တစ်ယောက် အလုပ်ပြန်သွားမလုပ်ခင်အချိန်အထိ ကျန်းရှန်နဲ့ကျောက်ကျင့်တို့နှစ်ယောက်သား စကားအများကြီးပြောဖြစ်ခဲ့ကြသည်။ ကျောက်ကျင့်ထွက်သွားပြီးတဲ့အချိန်မှာ သူလယ်ကွင်းပတ်လည်မှာ ခြေဦးတည့်ရာ စတင်လှည့်ပတ်သွားလာနေလိုက်သည်။

သူ့ရဲ့ကျန်းမာရေးဖြည့်စွက်စာအဖြစ် သူငါးသေးသေးလေးတွေနဲ့ ပုစွန်ဆိတ်​တွေကိုဖမ်းဖို့ တွေးလိုက်မိသည်။ မနေ့တုန်းက ကျောက်ကျင့်သူ့ကို ရေချိုငါးတွေပေးပြီးတဲ့နောက်မှာ ဒီအကြံညဏ်ကပိုပြီးတော့တောင် ပြင်းထန်လာသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now