Chapter(15):တခြား ကောတစ်ယောက်-1

2.4K 536 1
                                    

Zawgyi

ကျန်းရှန်ကိုစကားပြောနေတဲ့ ကောတစ်ယောက်နာမည်က ဟယ်ချူရှန်းဖြစ်သည်။

ဟယ်ချူရှန်းမိသားစုကလည်း အရမ်းဆင်းရဲသည်။ အမှန်တကယ်မှာတော့ အဲ့ဒါက ကျောက်ကျင့်မိသားစုနဲ့ တူညီတဲ့အခြေအနေမှာရှိသည်။

ကျောက်ကျင့်မိသားစု ဆင်းရဲသွားခဲ့ရတာက ကျောက်လျိုက ကျန်းမာရေးမကောင်းလို့ဖြစ်သည်။ ကျောက်ဖူကွေ့က သူတို့ရဲ့မြေကွက်တွေကို ရောင်းချခဲ့ရသည်။ အဲ့အချိန်မှာ ဟယ်ချူရှန်းမိသားစု ဆင်းရဲရတာက ဟယ်ချူရှန်းရဲ့အဖေက လောင်းကစားစွဲနေတာကြောင့်ဖြစ်သည်။

ဟယ်ချူရှန်းရဲ့အဖေက လောင်းကစားကို အရမ်းနှစ်သက်တာကြောင့် သူ့ငွေတွေအကုန်လုံးကို လောင်းကစားလုပ်ခြင်းကို မရပ်နိုင်ခဲ့ဘူး။ လောင်းကြေးငွေက အရမ်းမများသော်ငြားလည်း နှစ်တိုင်း သူသူ့မိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အဖိုးတန်တာတွေအားလုံးကို ဆုံးရှုံးနေတုန်းပဲဖြစ်သည်။ နောက်ဆုံးမှာတော့ သူသူ့ရဲ့လယ်ကွက်တွေကိုတောင် ရှုံးသွားခဲ့ပြီးတော့ ဟယ်မိသားစုရဲ့အခြေအနေကလည်း အောက်ကိုထိုးဆင်းသွားခဲ့သည်။

မိသားစုနှစ်စုစလုံးက ဘာငွေမှမရှိပေမဲ့ ကျောက်ကျင့်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ဟယ်ချူရှန်းရဲ့ဘဝက ကောင်းကင်နဲ့မြေကြီးကို နှိုင်းယှဉ်ကြည့်နေသလိုပါပဲ။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ ဟယ်ချူရှန်းရဲ့မိသားစုမှာ လူတွေအများကြီးရှိနေလို့ဖြစ်သည်။

ဟယ်ချူရှန်းရဲအဖေက ရွှံ့နဲ့နံရံတစ်ခုဖြစ်အောင် မထောက်ပံ့ပေးနိုင်တဲ့လူတစ်ယောက် ဖြစ်သည်။ ဒါပေမဲ့ ဟယ်ချူရှန်းရဲ့ညီအကိုနှစ်ယောက်က လက်တွေ့ကျပြီးတော့ အလုပ်လုပ်ဖို့လိုလားကြသည်။ သူ့အဖေမှာ ညီအကိုတွေအမြောက်အမြား ရှိတယ်ဆိုတာကိုတော့ ပြောနေစရာတောင်မလိုဘူး။

သူ့ဦးလေးတွေက ဇွဲကောင်းလွန်းတဲ့ ဟယ်ချူရှန်းရဲ့အဖေကို အရမ်းမနှစ်မြို့ဖြစ်ကြသည်။ သူတို့တွေက သူ့ကိုစောင့်ရှောက်ဖို့အတွက် တွန့်ဆုတ်နေကြပေမဲ့ သူတို့ရဲ့တူတွေကိုတော့ ကူညီပေးဖို့ လိုလားနေကြတုန်းပဲဖြစ်သည်။ ဟယ်ချူရှန်းနဲ့ သူ့ရဲ့အကိုနှစ်ယောက်တို့က ကောင်းကောင်းကြီးပြင်းလာခဲ့ကြတာ ဖြစ်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now