Chapter(18):တန်ပြန်ရေး အစီအစဉ်အတွက် ဆွေးနွေးဆုံးဖြတ်ကြခြင်း-2

2.3K 504 7
                                    

Zawgyi

အဲ့ဒါတွေကြောင့်ပဲ ကျန်းချန်ရှန်းက မိသားစုကနေ ခွဲထွက်ခြင်းအကြောင်းကို မပြောချင်ပါဘူး။ အဲ့ဒါကြောင့် သူ့မှာ တစ်ခြားနည်းလမ်းတစ်မျိုးကို အသုံးပြုဖို့ပဲရှိတော့သည်။ အဲ့နည်းလမ်းကိုအသုံးပြုတာက ကျန်းလောင်တကို ခြိမ်းခြောက်ထွက်သွားခိုင်းတာထက် သေချာပေါက်ကို ပိုပြီးလွယ်ကူသည်။

"သားကသူ့ကို ဘယ်လိုမျိုးခြောက်လှန့်ချင်လို့လဲ?" ကျန်းလောင်ထုံက မေးလိုက်သည်။

"အဖေ စီရင်စုမြို့ထဲက ရုံးတော်အရာရှိတစ်ယောက်ကို ကျွန်တော်သိတယ်။" ကျန်းချန်ရှန်းက ဖြေးညင်းစွာ စတင်ပြောလိုက်သည်။ ဒီကာလမှာ ပုံမှန်လူတွေအကြောက်ကြဆုံးက ဘာလဲ? ရုံးတော်ကို မဟုတ်ဘူးလား? လူအမြောက်အမြားက သိသိသာသာကိုပဲ ဆိုးရွားတာတစ်ခုခုကို ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဖူးဘူးဆိုပေမဲ့ သူတို့တွေက ရုံးတော်ရဲ့ဂိတ်တံခါးရှေ့ကနေ ဖြတ်သွားရမဲ့အစား ပိုပြီးအချိန်ကြာတဲ့ ကွေ့ဝိုက်သွားရတဲ့နည်းကိုပဲ ပိုပြီးလိုလားနေကြသေးတယ်လေ။

ရုံးတော်အရာရှိတစ်ယောက်ကို အိမ်ကိုပြန်ခေါ်လာတာက သူ့ရဲ့အကိုအကြီးဆုံးကို သေချာပေါက် ကြောက်လန့်သွားစေလိမ့်မယ်။

"အရာရှိက သဘောတူပါ့မလား?" ကျန်းလောင်ထုံတစ်ယောက် "ရုံးတော်အရာရှိ" ဆိုတဲ့စကားလုံးကို ကြားလိုက်ရတဲ့အချိန်မှာ သူမကူမကယ်နိုင်ပဲ သူ့ရဲ့နှလုံးသားထဲကနေ တုန်လှုပ်သွားမိသည်။

"ကျွန်တော့်မှာသူနဲ့ ဆက်ဆံရေးကောင်းတွေရှိတယ်။ ပြီးတော့ သူသဘောတူလိမ့်မယ်ဆိုတာ ကျွန်တော်သေချာတယ်။" ကျန်းချန်ရှန်းက ပြောလိုက်သည်။ သူရည်ညွှန်းပြောဆိုနေတဲ့ အရာရှိဆိုတဲ့တစ်ယောက်က တရားရုံးတော်ရဲ့တာဝန်ခံဖြစ်သည်။ သူတို့တွေက အကြိမ်ရေအမြောက်အမြား သေရည်အတူတူ သောက်ဖူးခဲ့ကြပြီးတော့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကလည်း အတော်လေးကောင်းမွန်သည်။ ဒီယောက်ျားကသူ့ကို အကူအညီတစ်ခုပေးဖို့အတွက် လက်ခံလိမ့်မယ်ဆိုတာကို သူသေချာသည်။

ထပ်ပြီးရှိသေးတာက တခြားလူတွေကို အကူအညီနည်းနည်းလေးတောင်းလိုက်ပြီး နောက်မှ စာအိတ်နီတစ်အိတ်ကို ပေးလိုက်တာကလည်း အဆင်ပြေတဲ့နည်းလမ်းတစ်ခုဖြစ်သည်။

TOFUH (BL) [Myanmar Translation]Où les histoires vivent. Découvrez maintenant