Chapter(12):မင်းကိုရှာဖို့ ခွဲထွက်လာခဲ့မယ်။-1

2.7K 559 4
                                    

Zawgyi

ကျောက်ကျင့်ပိုပြီးတွေးလေလေ သူ့ရဲ့နှလုံးခုန်သံက ပိုမြန်လာလေလေဖြစ်နေသည်။ သူ့ရဲ့ဟင်္သာပြဒါးရိုင်းမှဲ့ ရှိခဲ့ဖူးတဲ့နေရာကလည်း အခုထိပူနွေးနေသေးတုန်းပဲ။

သူသူ့ရဲ့မျက်ခုံးနှစ်ခုကြားက အမာရွတ်ကို သူ့လက်နဲ့အကြိမ်ပေါင်းများစွာ ပွတ်သပ်လိုက်မိသည်။ သူအသက်ပြင်းပြင်းတစ်ချက်ကို ရှူထုတ်လိုက်မိသည်။

သူအရွယ်ရောက်လာပြီးကတည်းက တစ်စုံတစ်ယောက်က သူ့အပေါ်မှာချစ်ခင်ကြင်နာမှုကို ပြသလာတာက ဒါကပထမဦးဆုံးအကြိမ်ဖြစ်သည်။ သူအနည်းငယ်ဝမ်းသာမိသလို တစ်ချိန်တည်းမှာပဲ သူနည်းနည်းပျာယာခတ်သွားမိသည်။

သူ့မှာအမှန်တကယ်ကို ဘာတစ်ခုမှကောင်းတာမရှိဘူး။ အဲ့ဒါကြောင့်ဖြစ်နိုင်တာက သူကျန်းရှန်ဆိုလိုချင်တာကို အမှန်တကယ် နားလည်မှုလွဲသွားတာများ ဖြစ်နေမလား?

ထပ်ပြောရရင် သူဘာလို့လှည့်ထွက်ပြီး အဝေးကို လမ်းလျှောက်ထွက်သွားမိရတာလဲ? သူကျန်းရှန်ကို ဒီလိုမျိုးထားခဲ့တာကြောင့် သူမပျော်မရွှင်ဖြစ်ပြီး နားလည်မှုများလွဲသွားပြီလား?

အမှန်တကယ်မှာတော့ သူကျန်းရှန်ကို အတော်လေးစိတ်ကျေနပ်မိသည်။ သူနှစ်တွေအများကြီးကြာအောင် အလုပ်ကြိုးကြိုးစားစားလုပ်ခဲ့ရပြီးတော့ သူနည်းနည်းလည်းပင်ပန်းနေပြီ။ သဘာဝကျကျကိုပဲ အနာဂတ်မှာ တစ်စုံတစ်ယောက်က သူ့ရဲ့လမ်းပေါ်မှာ သူနဲ့အတူအဖော်ပြုပေးဖို့ကို သူမျှော်လင့်မိသည်။

ကျောက်ကျင့်တစ်​ယောက် အများကြီးတွေးတောနေခဲ့သည်။ သူမသိလိုက်ခင်မှာပဲ သူက ကျောက်ဒါဟူအိမ်အနီးမှာရှိတဲ့ ဝါးတောအုပ်လေးဆီကို လမ်းလျှောက်လာမိနေပြီဖြစ်သည်။

ထို့နောက် သူရုတ်တရက် သူ့လက်တစ်ဖက်အဆွဲခံလိုက်ရသည်။

ကျောက်ကျင့်ရုတ်တရက် ထိတ်လန့်သွားသည်။ သူသူ့လက်ကို ပြန်ဆွဲထုတ်လိုက်တဲ့အချိန်မှာ သူကျန်းရှန်ရဲ့မျက်နှာနဲ့ မြှောက်တင်ထားတဲ့ သူ့ရဲ့လက်သီးဆုပ်ကို လျင်မြန်စွာပြန်ချလိုက်တာကို မြင်လိုက်ရသည်။

TOFUH (BL) [Myanmar Translation]Donde viven las historias. Descúbrelo ahora