Zawgyi
ကျန်းရှန်က ယန်ကျန်းရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြိုးတစ်ချောင်းနဲ့ ခိုင်မြဲစွာ တုပ်ချည်လိုက်ပြီးတော့ ယန်ကျန်းကို မီးဖိုချောင်ထဲကို ခေါ်သွားတော့သည်။ ထို့နောက် သူဒီကမ္ဘာပေါ်ကို ရောက်လာပြီးကတည်းက သူစားခဲ့သမျှ ထမင်းနပ်တွေထဲမှာ အများဆုံးလို့ခေါ်ရလောက်တဲ့ ထမင်းနပ်တစ်နပ်ကို စားပစ်လိုက်သည်။ နောက်ဆုံးမှာတော့ ပြဿနာတွေ အများကြီးဖြစ်အပြီးမှာ သူဗိုက်ဆာနေပြီဖြစ်သည်။
ကျန်းလောင်ထိုက်က အစောကြီးကတည်းက နေ့လယ်စာကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဒီနေ့မှာ ကျန်းချန်ရှန်းပြန်လာပြီးတော့ ရုံးတော်အရာရှိတစ်ယောက်ကို ခေါ်လာမှာမို့လို့ ဖြစ်နိုင်သည်။ သူမကနေ့လယ်စာကို အတော်လေး အများအပြား ပြင်ဆင်ထားခဲ့သည်။
အရသာရှိတဲ့ထမင်းဖြူတစ်အိုးကို ကြီးမားတဲ့ သံဇောက်နက် ဒယ်အိုးအဝိုင်းတစ်လုံးနဲ့ တည်ထားပြီးတော့ အပူခံပြားပေါ်မှာတော့ ဝက်သားဆားနယ်ခြောက် တစ်ပန်းကန်၊ ကြက်ဥပြုတ်တစ်ခွက်၊ ကြက်သွန်ဖြူတစ်ခွက်နဲ့ မချက်ပြုတ်ရသေးတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ တိုဖူးတစ်ပန်းကန်တို့ ရှိနေသည်။
ကျန်းရှန်က ဒီရက်တွေမှာ နေ့တိုင်း ကြက်ဥတစ်လုံး စားနေကျဖြစ်သည်။ ညအချိန်တွင် သူနဲ့ကျောက်ကျင့်တို့တတွေ ငါးအသေးလေးအချို့နဲ့ ပုစွန်ဆိတ်လေးအချို့ကို အတူတကွ စားဖြစ်ခဲ့ကြပေမဲ့ သူတို့တတွေ အသားကို ရက်တွေအများကြီးကြာအောင် မစားဖြစ်ခဲ့ကြပါဘူး။ ဝက်ဆားနယ်ခြောက် တစ်ပန်းကန်ကို အပြားပါးပါးလေးတွေဖြစ်အောင် လှီးထားပြီး ပေါင်းခံထားတာကို သူမြင်လိုက်ရတဲ့အချိန်မှာ အသားရနံ့ကို အနံ့ရလိုက်ပြီးတော့ သူဝက်ဆားနယ်ခြောက်နဲ့ ထမင်းတစ်အိုးလုံးကို စားနိုင်တယ်လို့ ခံစားလိုက်ရသည်။
ဝက်ဆားနယ်ခြောက်တစ်ဖတ်ကို တူနဲ့အတူ ညှပ်ယူလိုက်ပြီး သူ့ပါးစပ်ထဲကို ထိုးထည့်လိုက်ပြီးတော့ ချက်ချင်း ထမင်းတစ်ပန်းကန်ကို ယူလိုက်သည်။
အဲ့ဒီဆီမပါဆားမပါပဲ ချက်ပြုတ်ထားတဲ့ ငါးအသေးလေးနဲ့ ပုစွန်အသေးလေးတွေက တကယ်ကို အရသာမကောင်းလှပါဘူး။ သူအဲ့ဒါတွေကို သူ့ရဲ့ခန္ဓာကိုယ်ကောင်းကျိုးအတွက် နေ့တိုင်းစားသောက်ခဲ့သော်ငြားလည်းပဲ သူအချိန်အတော်အကြာကြီးကတည်းက အဲ့ဒါတွေကို သူစိတ်ကုန်နေပြီဖြစ်သည်။ ဒါပေမဲ့ ဒီဝက်ဆားနယ်ခြောက်တွေကတော့ ကွဲပြားသည် . . .

YOU ARE READING
TOFUH (BL) [Myanmar Translation]
RomanceThis novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Complete Status in COO : 177 chapters+2extras Start date - 25.8.2021 End date -