Zawgyi>>>
"Happy 5th anniversary lili"
"Happy 5th anniversary jen "
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ အိမ်ထောင်သက် နှစ်နှစ်နဲ့အတူ ချစ်သူသက်တမ်း သုံးနှစ်ုစုစုပေါင်း ၅ နှစ် ရှိခဲ့ပြီ။
"ကိတ်ခွဲရအောင် lili "
"အင်း "
"lili သိလား ကိုယ်စားချင်နေပြီ "
ထိုအခါ မျက်ခုံးတစ်ဖက် ပင့်ပြီး ကြည့်လာသော အလှနတ်သမီး။ အကြည့်ချင်း ခနဆုံပြီးသည့်နောက်
"ကျွန်မရောဘဲ စားချင်နေပြီ "
သေချာတာပေါ့၊ စားပွဲပေါ်က ကိတ်လေးတစ်လုံးက အထီးကျန်သွားပြီဆိုတာ။
နေရောင်ခြည်စူးစူးကြောင့် နိုးထလာရသည်။ အေးလွန်းနေသော မနက်ခင်းမှာ အဝတ်မပါတာတောင် နွေးနေတဲ့ အကြောင်းအရင်းလေးက သိပ်ကို သဘောကျစရာ ကောင်းသည်။
စောင်ကို လည်ပင်းအထိ ဆွဲခြုံထားသော သူမလေးက ကိုယ့်ခါးကို ခွထားလေသည်။ သွယ်လျနေသော ထိုပေါင်တံတွေကို အမြတ်တနိုး ပွတ်သပ်လိုက်တော့ အိတ်မှုံစုံဝါး အသံသေးသေးလေးသာ ပြုသည်။
"ထတော့လေ lili ရဲ့၊ ဒီနေ့ အစည်းအဝေး ရှိတယ်ဆို "
နှဖူးပေါ် ဝဲကျနေသော ဆံစလေးများကို သပ်တင်လိုက်ရင်း မေးလိုက်သည်။ ထင်းခနဲ ဖြစ်သွားသော နှဖူးပြောင်ပြောင်လေးကို ခပ်ဖွဖွ အနမ်းပေးမိတော့
"ဒုန်း!!"
"အာ့ ~"
ကုတင်ပေါ်က ကန်ချခံလိုက်လေသည်။ စူးခနဲ ဖြစ်သွားသော တင်ပဆုံရိုးဆီက နာကျင်မှု၊ ကုတင်ပေါ် ပြန်ပြီးအကြည့်ရောက်တော့ ကိုယ့်ကို မျက်မှောင်ကြီး ကြုတ်ပြီး ငုတ်ကြည့်နေသော သူမ။
"ရှင် လုပ်ပြန်ပြီလား၊ ဒီနှဖူးကိုဘဲ လာထိပြန်ပြီ "
အော်တယ်လို့ မဆိုသာသော အသံအနေထားက လူကို စိတ်မကောင်း ဖြစ်အောင်လုပ်သည်။ သူ မကြိုက်တာကို သိပေမဲ့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင် ဖြစ်သွားရသည်။
"တောင်းပန်ပါတယ်၊ lili အိပ်နေတာလေးက ချစ်ဖို့ကောင်းနေ..."
သူမ အကြည့်တွေကို ရှောင်ဖယ်ရင်း အောက်ဘက်ကို အကြည့်ရောက်သွားမိတော့ ပြောစရာ စကားတောင် ပျောက်သွားရသည်။ အကြိမ်ကြိမ် အခါခါ တွေ့နေကြပေမဲ့ တွေ့တိုင်း လူက အကြည့်မခွာနိုင်တော့။ လက်ယားလာသလို ရှိတာကြောင့် ကိုယ့်လက်နှစ်ဖက်ကို မီးပွင့်မတက် ပွတ်ထားမိသည်။
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....