Part 22(Lovely Liar)

485 43 6
                                    

Unicode>>>

ဖုန်းကို ကိုင်ရင်း chae တစ်ယောက် ဂနာမငြိမ် ဖြစ်နေမိသည်။ ဖုန်းနံပါတ်တစ်ခုကို နှိပ်ရမလိုလိုနှင့် ချီတုံချတုံဖြစ်နေရသည်။ နာရီဝက်လောက် တွေဝေအပြီးမှာတော့ တစ်ဖက်က ဖုန်းကိုင်မှာကို လက်သည်းကိုက်ရင်း စောင့်နေမိသည်။ ဖုန်းဝင်သံအဆုံး မှာတော့ သူမ မဟုတ်တဲ့ မိန်းကလေးအသံကြောင့် မျက်မှောင်တို့ ကြုတ်သွားရသည်။

"ဟယ်လို အခုဖုန်းပိုင်ရှင်နဲ့ စကားပြောချင်လို့ပါ.."

"အခုပြောတာ ဘယ်သူလဲ မသိဘူး.."

တစ်ဖက်က မိန်းကလေးအသံကြောင့် chae တစ်ယောက် စိတ်မရှည်တော့။ စိတ်ပေါက်ပေါက်ဖြင့် ပြောလိုက်သည်က.

"သူ့ချစ်သူဟေး..."

ထိုအခါ တီခနဲ ကျသွားသော ဖုန်းကြောင့် အနိုင်ရသလို ပြုံးထားလိုက်သည်။ jennie နဲ့ စကားပြောချင်တာကို လာစပ်စုနေတဲ့ သူမကို အနိုင်ပိုင်းလိုက်နိုင်သည်။

park chaeyoung ကို ဘာမှတ်နေလဲ...

..........

"jennie!!!"

ရေချိုးနေရင်း အပြင်က စူးရှရှခေါ်သံကြောင့် တပတ်တစ်ထည် ကောက်ပတ်ရင်း အလျင်စလို ထွက်လာလိုက်သည်။ ကုတင်ဘေးမှာ ခါးထောက်မတ်တပ်ရပ်နေသော lili ကြောင့် ကျောရိုးထဲ စိမ့်ခနဲ အေးသွားရသည်။

"Lili.."

သူမနား အသာကပ်ကာ ခေါ်လိုက်တော့ မျက်နှာရှေ့ ဖုန်းကြီး ထိုးပေးလာတာကြောင့် ကြောင်တောင်တောင်နှင့်ပင် လှမ်းယူရသည်။ 'ဖွင့်ကြည့်' ဆိုတာကြောင့် lock ကို ဖွင့်လိုက်သည်။ ဘာမှ မတွေ့တာကြောင့် သူမဆီ ဖုန်းပြန်ထိုးပေးလိုက်သည်။ ထိုအခါ..

"အားးး.."

နားရွက်ကို ဆွဲလိမ်လာတာကြောင့် လိပ်ပြာလွင့်မတတ် အော်လိုက်မိသည်။

"အဲ့တစ်ယောက်က ဘယ်သူလဲ..."

နားရွက်ဆွဲပြီး မေးလာသော သူမကို jennie ဘာပြန်ဖြေရမလဲ မသိတော့ပါ။

"ဘယ်သူတုန်း..အားးး!!!"

နားရွက်ကို ဆွဲထားသော သူမလက်ကို ဖြုတ်သော်လဲ မရတာကြောင့် မျက်ရည်တွေပါ ဝဲလာရသည်။

Lovely Liar(On Hold)Wo Geschichten leben. Entdecke jetzt