Zawgyi>>>
မနက်ဖြန် နှစ်သစ်ကူး အလုပ်ပိတ်ရက်ဖြစ်တာကြောင့် jennie စိတ်ထဲ အစီအစဉ်တွေ ချနေမိသည်။ lili အတွက် မနက်စာပြင်ရင်း သူမကို စကားစဖို့ ဆင်းလာမဲ့သူမကို စောင့်နေလိုက်သည်။
ခနအကြာတော့...
"lili morning "
"morning jennie "
သူမထိုင်ဖို့ ထိုင်ခုံဆွဲထုတ်ရင်း နှုတ်ဆက်လိုက်သည်။
အလိုက်သင့် ထိုင်နေတာမို့ ကော်ဖီတစ်ခွက်နဲ့ ထမင်းကြော် တစ်ပန်းကန်ကို အသာအယာ ချပေးလိုက်သည်။
စကားတစ်ခွန်း မပြောဘဲ စားနေတာမို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ရင်း သူမကို ငေးကြည့်နေမိသည်။ တစ်ဇွန်းချင်း ပုံမှန် ခပ်နေသော ခပ်ရှည်ရှည် လက်ချောင်းလေးတွေ၊ ခပ်စားနေသော အချိန်မှလွဲ ပွင့်မလာသော နှုတ်ခမ်းဖျား၊ ဖောင်းဖောင်းကလေး ဖြစ်နေသော ပါးနှစ်ဖက်၊ ငုံ့၍သာ ကြည့်နေသော ထိုမျက်ဝန်းအစုံတို့မှာလဲ ကြည်လင်နေလိမ့်မည်။ အရာရာဟာ တန်ဖိုးကြီးလှသည်။
ကိုယ်စိုက်ကြည့်နေမှန်း သတိထားမိလို့ ထင်သည်။ ဖြည်းဖြည်းချင်း မော့ကြည့်လာသော ထိုမျက်ဝန်းတွေနဲ့ ဆုံတာကြောင့် အရှက်ပြေ ရယ်ပြလိုက်သည်။ ထိုအခါ မျက်မှောင်ကြီး ကြုတ်ကာ
"ရှင်ရော ထမင်းကြော် မစားဘူးလား "
သူမ စကားကြားတော့ ခပ်ငိုင်ငိုင် ဖြစ်သွားရသည်။ မနက်ပိုင်း ရေတစ်ခွက်ကလွဲ ဘာမှ မစားတက်တာ သူမ မသိရော့လေသလား lili ရယ်။ "ရှင်ရော စားလေ " ဆိုမှ ကိုယ့်မှာ ပန်းကန်လေး တစ်လုံးဆွဲကာ ထမင်းတစ်ဇွန်းနှစ်ဇွန်းလောက် ခပ်ထည့်စားတက်သည်။
အဲဒီမနက်တိုင်းလဲ လူမှာ တစ်ကိုယ်လုံး နေရာခက်လာတက်တာမို့ ဘာမှ မလုပ်နိုင်တော့။
"ကိုယ် စားပြီးပြီ lili ရဲ့ "
ဟုတ်လို့လား ဆိုတဲ့ မျက်ခုံးတစ်ဖက် ပင့်ပြသော မှင်သေသေဖြင့်
"ကြော်ရင်းနဲ့ မြည်းတာ များသွားတယ်လေ၊ ဒါကြောင့် တစ်ဆက်တည်း စားလိုက်တာ "
ယုံသွားဟန်ဖြင့် ခေါင်းတစ်ညိမ့်ညိမ့်လုပ်ကာ ဆက်စားနေသည်။
ESTÁS LEYENDO
Lovely Liar(On Hold)
FanficU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....