Part 23(Lovely Liar)

412 42 7
                                    

unicode>>

ဆက်လျှောက်ဖို့ လမ်းတွေ ပျောက်ဆုံးနေတဲ့ ကိုယ့်လိုလူအတွက် လောကကြီးထဲက ထွက်သွားဖို့ဆိုတာ လွယ်လွယ်ကလေး။ ထွက်သွားဖို့ အဆင်သင့်ဖြစ်ခဲ့တာလဲ အကြိမ်ကြိမ်။ တွယ်တာစရာတွေ နည်းတဲ့ ဘဝမို့ မရှိ ရှိရာ လိုက်တွယ်နေမိတာ...lili ဆိုတဲ့ အရိုင်းပန်းကလေးတစ်ပွင့်တဲ့။

"jennie.."

ဆိုဖာပေါ် ကော်ဖီတစ်ခွက်နဲ့ ထိုင်နေမိတာ မနက် အိပ်ရာနိုးကတည်းက ဖြစ်သည်။ အစောကြီး ထသွားသော lili ကြောင့် အိပ်ရာတစ်ဖက်ဟာ အေးစက်လို့..

"နေ့လည်စာ စားပြီးပြီလား.."

လက်ကိုင်အိတ်ကို စားပွဲပေါ် ပစ်တင်ကာ ကိုယ့်ဘေးမှာ လာထိုင်သော lili ကြောင့် ကိုင်ထားသော ခပ်နွေးနွေး ကော်ဖီခွက်ကို စားပွဲပေါ် လှမ်းတင်လိုက်သည်။ ကိုယ့်ပေါင်ပေါ် လဲပြိုလာသော သူမခေါင်းလေးကို အသာထိန်းရင်း ပါးကလေးကို ပွတ်ပေးတော့ ကိုယ့်ရဲ့ လက်တွေထဲ ပိုလို့ တိုးဝင်းလာသည်။

"lili ရော စားပြီးပြီလား..၁၂နာရီတောင် ကျော်သွားပြီဘဲ.."

"မစားရသေးဘူး..မနက်စာရောဘဲ.."

"အတွင်းရေးမှူးကို မနက်စာ မမှာထားဘူးလား..ပုံမှန်ဆို သူ မှာပေးနေကြဘဲလေ.."

အနည်းငယ် မာနေသော jennie အသံကြောင့် lisa မျက်လုံးတို့ ဖွင့်ကြည့်မိတော့ မျက်မှောင်တို့ ကြုတ်ထားသော သူမ မျက်ခုံးနက်နက်တို့နှင့် ဆုံသည်။ ထို့နောက် သူမရဲ့ ကြောင်မျက်လုံးသွယ်သွယ်တွေ။

"ဒီနေ့ ရုံးပိတ်ရက်လေ.." ပိုလို့တောင် ကြုတ်သွားသော မျက်ခုံးတန်းတွေကို ခပ်ဖွဖွ ဖိလိုက်သည်။

"အို့ ကိုယ်မေ့သွားတာဘဲ.."

ခပ်ဖွဖွကလေးသာ ပြုံးနေသော jennie က နူးနူးညံ့ညံ့ကလေး။ ကိုယ့်ခေါင်းပေါ်က သူမလက်တွေက ဆံနွယ်တစ်ခုချင်းစီကို ဆော့ကစားလို့ရယ်။

"အသက်ကြီးလာပြီဘဲ ..jennieရာ.."

စသလိုလို နောက်သလိုလို ဆိုလိုက်တော့ သူမဆီက ခပ်ဖွဖွရယ်သံကလေးသာ ထွက်လာသည်။ တဖြည်းဖြည်းမှေးစင်းလာသော မျက်ခွံတို့ကြောင့် ခြေထောက်တွေကို သက်တောင့်သက်သာအနေအထား ပြောင်းထားလိုက်ရင်း မှေးနေလိုက်သည်။ ခေါင်းပေါ်က သူမလက်ချောင်းတွေကတော့ သားချော့တေး တစ်ပုဒ်လို ငြိမ့်ငြိမ့်ညောင်းညောင်း...

Lovely Liar(On Hold)Where stories live. Discover now