Unicode>>>
အလုပ်သွားချိန် နီးကပ်လာသော်လဲ jennie တစ်ယောက် ထိုင်ခုံပေါ်က မထမိ။ ဉီးနှောက်က ခြေထောက်တွေကို ထဖို့ အကြိမ်ကြိမ် လှုံ့ဆော်နေပေမဲ့ တကယ်တမ်းမှာတော့ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ငြိမ်သက်သက်။ နာရီဝက်တိတိ ဆက်ထိုင်နေမိသည်။ အလုပ်ချိန်က နောက်ကျခဲ့ပြီ၊ ဖုန်းခေါ်သံတွေကိုလဲ ထပ်ခါတလဲလဲ ကြားနေရသည်။ သူမ ဘာလုပ်ရမယ် မသိ။ ဒီနေ့ဟာ lili အလုပ်ပြန်တက်မဲ့နေ့ ဖြစ်နေသည်။ တကယ်တမ်း ရှောင်ပုန်းခဲ့တာက သူမ ဖြစ်နေတာကြောင့် lili ရှိတဲ့ အရပ်ဆီ ဘယ်လို သတ္တိမျိုးနှင့် jennie တိုးဝင်ရမည်နည်း။ မျက်နှာပြောင် တိုက်သလို ခံစားနေရသည်။ အဲ့အချက်တွေကို အရင်တုန်းက ဘာလို့ မစဉ်းစားမိလဲ jennie မသိတော့၊ ထိုအချိန်က တွေးခဲ့တဲ့ အတွေးကလေးတစ်ခုက 'သူမကို နေ့တိုင်းလိုလို တွေ့ရမှာ' ဆိုပြီးတော့ပေါ့။ ရူးမိုက်လိုက်တဲ့ အတွေးပါဘဲလေ။
၁၀ နာရီကျော်လောက် ဖြစ်သည်။ မရေရာမှုတွေနဲ့ ကုမ္ပဏီကို ဝင်ရောက်လာခဲ့တာ။ ဘယ်နေရာကိုမှ မကြည့်နိုင်တော့ဘဲ ရှူတင်ခန်းထဲသို့သာ ပြေးဝင်ရတော့သည်။ ထိုအခါ ကင်မရာတွေ သိမ်းနေသော လက်ထောက်ကလေးက အလန့်တကြားလှည့်ကြည့်သည်။
"မော်ဒယ်ကို သွားခေါ်လိုက်အုံးမယ်.."
သိမ်းလက်စကို ထားခဲ့ကာ ပြေးထွက်သွားသော လက်ထောက်လေးကို မျက်စိတစ်ဆုံးကြည့်နေမိသည်။ ပြန်တော့မဲ့ မော်ဒယ်ကို အပြေးသွားပြန်ခေါ်သည်ထင်ပါ့။ ကိုယ်လဲ ကင်မရာတွေကို နေရာပြန်ချကာ ဆက်တင်ချိန်ထားလိုက်သည်။ အကုန်ပြီးသည်အထိ ပြန်ဝင်မလာသေးသော လက်ထောက်မလေးကြောင့် ပြန်များ ပြန်သွားပြီလာဟု jennie စိတ်ပူနေရသည်။ သို့သော် အတွေးပင် မဆုံးလိုက် ပြေးဝင်လာသော လက်ထောက်လေးကို အကြည့်နှင့်ပင် လှမ်းမေးလိုက်သည်။ထိုအခါ ခေါင်းခါပြလာတာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"miss park က ဆရာကိုယ်တိုင် လာခေါ်မှ လာတော့မယ် ပြောတယ်.."
အူကြောင်ကြောင်ဖြစ်သွားရသူက သူမကိုယ်တိုင်ပင် ဖြစ်သည်။
"ဘာဆိုင်လို့လဲ.."
ထိုအခါ လက်ထောက်ကလေး မချိုမချဉ် ပြန်ဖြေလာသည်က
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....