Part 6(Lovely Liar)

645 65 5
                                    

Zawgyi>>>

တစ်ရေးနိုးလာတော့ ညတောင် ရောက်နေပြီ ဖြစ်သည်။ တစ်ကုတင်ထဲ ပူးကပ်အိပ်ခဲ့ရတာ​ကြောင့် ခါးတောင် နားသည်။

အိပ်နေသော jennie ကို ကိုယ်ပူစမ်းကြည့်လိုက်တော့ ခပ်နွေးနွေးသာ ပူတော့သည်မို့ စားစရာ ဝယ်ဖို့ ထွက်လာလိုက်သည်။

ဆေးရုံကန်တင်းရောက်တော့ ကိုယ်စားဖို့ ပေါက်စီ တစ်ပွဲ၊ ခေါက်ဆွဲပြုတ် တစ်ပွဲလောက်သာ ဝယ်ခဲ့သည်။ သူမအတွက်တော့ ဆန်ပြုတ်တစ်ပွဲသာ ပါသည်။ အဖျားရှိနေတာမို့ ဘာမှ ကျွေးလို့ အဆင်မပြေ။

ဆေးရုံခန်းထဲ ပြန်ဝင်လာတော့ သူနာပြုမလေးနဲ့ ပြုံးရယ်နေတဲ့ jennie ။ ပါးနှစ်ဖက် စလုံးဖောင်းအောင်ထိ ကိုယ့်ကို ရယ်ပြတက်တဲ့သူမက သူများတွေကိုလဲ အဲလိုရယ်ပြပုံရသည်။

လိုလို့လား အဲ့လောက်ထိ ရယ်ပြဖို့၊ ဒီတိုင်း ပြုံးပြလဲ ရနေတာကို အပိုတွေ...

"jennie!"

"na naee "

ဘေးနားကနေ အသံမပေးဘဲနဲ့ နာမည်ထခေါ်လာတာကြောင့်
အယောင်ယောင်အမှားမှား ထူးမိသည်။

"လန့်လိုက်တာ lili ရာ ၊ဒါနဲ့ ပျောက်လို့ လိုက်ရှာနေတာ ညစာ သွားဝယ်တာလား၊ ဆာနေတာနဲ့ အတော်ဘဲ ပေးပေး ဒီကို "

ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသော သူမက ကိုယ့်ဆီက အထုတ်တွေကိုလှမ်းယူလေသည်။ သူမ ဘာဆက်လုပ်မလဲ သိချင်လို့ သူမလက်ထဲ အထုပ်တွေ အကုန်လုံး လွှဲပေးလိုက်သည်။

"ဒါဆို ကျွန်မကို ခွင့်ပြုပါအုံး "

သူနာပြုမလေး ထွက်သွားပေမဲ့ လက်ထဲက အထုတ်တွေနဲ့ သူမက မမှီတမှီ ဘေးနားက စားပွဲပေါ် လှမ်းတင်သည်။

သို့ပေမဲ့ လက်တိုတိုလေးတွေနဲ့သူမက တင်လို့ မမှီဖြစ်နေသည်။

တမင်တကာ မကူဘဲ ခုံတစ်လုံးဆွဲကာ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။

ထိုအခါ

"ဟဲ ဟဲ lili တင်ပေးပါလားဟင်~~ ကိုယ် ကိုယ်မမှီဘူး "

အထုပ်တွေကို ကိုယ့်ဘက် ထိုးပေးလာသော သူမက အရှက်ပြေ ရယ်နေလေသည်။ အရှေ့က လှမ်းပေးနေသော အထုပ်တွေကို တမင်တကာ လှမ်းမယူဘဲ လက်ပိုက်ထားလိုက်သည်။

Lovely Liar(On Hold)Où les histoires vivent. Découvrez maintenant