Zawgyi>>>
"နိုးပြီလား..."
"ခေါင်းကိုက်တယ်.."
အချိန်အတော်ကြာ lisa ပေါင်ပေါ် အိပ်နေသော jennie တစ်ယောက် နိုးလာသည်။
"အင်း....""lili!!"
"ဟုတ်တယ်.. ရှင့်ဇနီး lalisa.. "
ရင်ထဲမယ် ဒိုင်းခနဲပင်။ ကြားဖူးသမျှထဲမှာ ဒီစကား နားဝင်အချိုဆုံးပင် ဖြစ်သည်။ မျက်ခုံးတစ်ဖက်ပင့်လို့ စိတ်ရှုပ်နေဟန် မျက်နှာလေးက အူယားစရာ...
"ဒီနေ့ ကျွန်မ ပေါင်ပေါ်က ထအုံးမှာလား jennie shi.."
"ချစ်တယ်လေ..."
"ဟမ်.."
မထင်မှတ်ထားလို့ အံ့သြသွားသော မျက်နှာလေးကို ကြည့်ရင်း ပြုံးပြလိုက်သည်။
"ကိုယ့်ဇနီး ပေါင်ပေါ်မှာ အိပ်တာဘဲ... ဘယ်ချိန်ထ ထပေါ့..ခေါင်းတွေ ကိုက်လိုက်တာ၊ ပြန်အိပ်အုံးမှ.."
ဆိုဖာပေါ် ထိုင်နေသော lisa ပေါင်ပေါ် ခေါင်းအုံးကာ အိပ်နေသော သူမက lisa ဗိုက်ပေါ် မျက်နှာအပ်လို့ လှည့်အိပ်နေပြန်သည်။
ဘာပြန်ပြောရမလဲ မသိလိုက်ခင်မှာဘဲ သူမက အိပ်ပျော်သွားလေပြီ။ အရက်နာကျပြီး ခေါင်းကိုက်တာကို သက်သာအောင် lisa ဘာမှ မလုပ်တက်၊ အရင်တုန်းက အရက်နာကျခဲ့သူမှာ မိမိပင် ဖြစ်သော်လဲ jennie တိုက်တဲ့ ဟင်းချိုနဲ့ ဆေးကို lisa မမှတ်မိပေ။
နိုးလာရင် သောက်ဖို့ ဟင်းချိုလေး ချက်ပေးချင်သော်လဲ lisa နဲ့ မီးဖိုချောင်ဆိုသည်မှာ ရန်ဘက်တွေပင်။ တစ်ယောက်နဲ့ တစ်ခု မျက်လုံးတောင် စွေမကြည့်ဖူးပါ။အပြင်က မှာပေးရအောင်လဲ ဟင်းချိုနာမည် lisa မသိ။
ပေါင်ပေါ်က တစ်ယောက်ကြောင့် ထလို့လဲ အဆင်မပြေပင်။တစ်ညလုံး ခရီးပန်းထားရတာကြောင့် မျက်လုံးတို့က မှေးစင်းနေပြီ။
^^^^^^^^👻
တစ်ရေးပြန်နိုးလာတော့ နေ့လည်တောင် ရောက်နေပြီ ဖြစ်သည်။ အသာထထိုင်ရင်း ညောင်းနေသော အကြောတွေကို ဆန့်ပြီးတော့ ခေါင်းထဲ ရောက်လာတာက lili။
ဆိုဖာထိပ်မှာ ငုတ်တုတ်အိပ်နေသော သူမက ဟောက်သံ သေးသေးလေးတောင် ထွက်လို့။ ဘယ်အချိန် ဘယ်လိုရောက်လာလဲ jennie မသိချင်ပါ၊ ဘေးနားမှာ တွေ့နေရရင်ဘဲ အဆင်ပြေနေပြီ ဖြစ်သည်။
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....