unicode>>>
ဒီေနေ့နဲ့ဆို သူမကို မတွေ့ရတာ ငါးရက်ရှိပြီ။ ညနေ ရုံးဆင်းချိန်တိုင်း သူမအိမ်ဘက်ကို ဉီးတည်ချင်တဲ့ စိတ်တွေကို မနည်းထိန်းချုပ်နေရသည်။ သို့သော် ငါးရက်မြောက်နေ့မှာတော့ သူမ မရှိတာကို သိပေမဲ့လဲ သူမ အိမ်ရှေ့နားလေးမှာ အဖော်ဖြစ်တဲ့ စက်ဘီးလေးနဲ့ ရောက်လာရပြန်သည်။ ညနေ မှောင်လာရင်တော့ တိုက်ခန်းကို ပြန်လာလိုက်သည်။ ဒါဟာ သူမ လုပ်နေကျ အကျင့်တစ်ခုလိုတောင် ဖြစ်နေပြီ။
lili ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တာ တစ်ရက်ရှိပြီ။ ဒီနေ့မှ စဝင်တယ်ဆိုပေမဲ့ အရာအားလုံးနှင့်တော့ စိမ်းသက်မနေတော့။ ပင်တိုင် မော်ဒယ်တစ်ယောက်ကိုသာ ဉီးစားပေးရိုက်ရသည်မို့ ခေါင်းသိပ်မရှုပ်ရတော့။ အခုလဲ ခေတ္တနားချိန်မို့ ဓာတ်ပုံတွေ ပြန်စစ်နေလိုက်သည်။ အခုနောက်ပိုင်း တစ်ယောက်ထဲ နေရတာကို စွဲလမ်းလာသည်။ နေ့လည်စာ စားချိန်ဆိုလဲ လက်ထောက်ကလေးတစ်ယောက်နဲ့ ပေါ့ပေါ့ပါးပါး စားလို့လွယ်မည့် စားစရာတစ်ခုခု မှာလိုက်သည်။ ဗိုက်ဆာလာရင် အလုပ်လုပ်နေလဲ စားလို့ရသည်လေ။
"ရော့.."
မျက်စိရှေ့ ရောက်လာသော ဟမ်ဘာဂါကြောင့် မျက်မှောင်တို့ ကြုတ်မိသည်။ သူမ မှာလိုက်တာ တော့ပိုကီ။ ပေးတဲ့သူကို မော့မကြည့်ဖြစ်တော့။ မဟုတ်ရင် သူမ ဒေါသ ပိုထွက်မိလိမ့်မည်။
"စားပွဲပေါ် တင်ထားလိုက်ပါ..."
ခပ်ပြတ်ပြတ်ဆိုလာသော အရှေ့က photographer ကို သူမ အသည်းတယားယား ကြည့်နေမိသည်။ သူမ သိတာပေါ့၊ သူမ မှာလိုက်တာ ဟမ်ဘာဂါ မဟုတ်ဘူးဆိုတာကို။ စားစေချင်လို့ တကူးတက မှာပေးထားတာကို မော့တောင် မကြည့်ဘဲ ပြောထွက်လာသော သူမကိုလဲ တကယ်ချီးကျူးမိသည်။ ထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်တဲ့ သူမကို jennie kim ဆိုတဲ့ သူမ တစ်ယောက်သာ အဲ့သည်လို ငြင်းပယ်ခဲ့တယ်ဆိုတာကို သူမကို သိစေချင်လိုက်တာ။ သို့ပေမဲ့ သူမကတော့ သူ့အာရုံတွေကို ကင်မရာဆီက မခွာတော့။
နားချိန်ပြီးတော့ အလုပ်ဆက်လုပ်ကြသည်။ လက်ထောက်မလေးကို သူမအတွက် တော့ပိုကီ မဝယ်ခဲ့ပေးဖို့ ပြောလိုက်တာကြောင့် အခု jennie ဆီမှာ စားစရာဆိုလို့ သူမ ပေးထားတဲ့ ဟမ်ဘာဂါသာ ရှိတော့သည်။ ထိုအချိန် ရုတ်တရက်ဝင်လာသော အတွေးကလေး တစ်ခုကြောင့် နှုတ်ခမ်းထက် အပြုံးလေးတစ်ခု ရှိနေသည်ထင်ပါ့။
CZYTASZ
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....