Part 14(Lovely Liar)

451 52 8
                                    

Unicode>>>

"miss ဘာရေမွှေးသုံးတာလဲ...အနံ့တစ်ကယ် ကောင်းတယ်...ကိုယ်ကြိုက်တယ်.."

"jennie.."

ခပ်သွက်သွက် ခြေလှမ်းတွေနှင့် ဝင်လာသော lisa ကြောင့် ဆယ်ရာ စိတ်သက်သာရာ ရသွားရသလို သက်ပြင်းချလိုက်မိသည်။

"hon..အဲ့ lisa..."

ဆယ်ရာ့ပေါင်ပေါ် ခေါင်းအုံး အိပ်နေသော jennie က အရှေ့ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လာသော lisa ကို ကိုယ်တစ်ခြမ်း စောင်း၍ ကြည့်သည်။ သို့သော် ပေါင်ပေါ်က မထသည့်အပြင် ဆယ်ရာ့ လက်တစ်ဖက်ကိုပါ ဆွဲယူကာ သူမခေါင်းကို ပုတ်ခိုင်းနေလေသည်။

လုပ်ချင်တာ လုပ်နေသော jennie တစ်ယောက် အခန်းထဲက လေထုကို မခံစားမိသလို သက်သောင့်သက်သာ ဖြစ်နေသည်။

lisa ဒေါသတို့ကို ချုပ်တည်းထားရသည်။ ဘယ်က ထွက်လာတဲ့ ဒေါသလဲ မသိပေမဲ့ ဆယ်ရာ့ကို ဒေါသထွက်နေမိသည်။ ပြီးတော့ ပေါင်ပေါ်က ဟိုတစ်ယောက်ကိုလည်း ဒီနားလာအိပ် ဆိုပြီး ဆွဲချလိုက်ချင်စိတ်က တဖွားဖွား။

စိတ်ကို အတတ်နိုင်ဆုံး လျော့ကာ...

"baby ဆယ်ရာ့ပေါင်ပေါ် မအိပ်နဲ့တော့..နေ့လည်စာ သွားစားရအောင်..."

ပျားသကာလို ချိုနေသော lisa အသံကြောင့် ဆယ်ရာ တစ်ယောက် မျက်လုံးပြူးနေမိသည်။ ဒီအခန်းထဲမှာ တစ်ခုခုတော့ မူမမှန် ဖြစ်နေသည်။ jennie အပေါ် အမြဲတမ်း အေးစက်နေတတ်သော lisa က အခုတော့ ကလေးထိန်းတစ်ယောက်လို ချော့ချော့မော့မော့ ပြောနေသည်။ jennieကလဲ ထူးဆန်းနေသည်။

........

lisa ဆီ မရောက်ဖြစ်တာကြောင့် အချိန်ဇယားတွေ ရှင်းပြီး လာခဲ့ပေမဲ့ အစည်းအဝေးခန်းထဲ ရောက်နေသော သူမကြောင့် ရုံးခန်းထဲမှာဘဲ စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဝင်ဝင်ချင်းမှာဘဲ jennie ကို တွေ့လိုက်ရတာကြောင့် လူက လိပ်ပြာမလုံတော့သလို ချွေးစေးတွေ ထွက်လာသည်အထိ။ ကိုယ့်ကို လှည့်ကြည့်လာသော သူမက မျက်မှောင်ကြုတ်နေလိမ့်မယ်လို့ ခန်းမှန်းထားပေမဲ့ ရီပြလာသော သူမက ကလေးလေး တစ်ယောက်လို သူ့ဘေး လာထိုင်ဖို့ ခေါ်နေသေးသည်။

Lovely Liar(On Hold)Donde viven las historias. Descúbrelo ahora