Unicode>>>
အခန်းတံခါးတို့ ပိတ်ထားတာ ၅ ရက်ရှိပြီ။ lisa အရူးတစ်ပိုင်း ဖြစ်နေတာလဲ ၅ ရက်ပေါ့။ နိုးလာကတည်းက စကားမပြောတော့သော jennie က အခုဆို lisa အပြင်ထွက်သွားရင် တံခါးကို လော့ချ်ချထားတတ်သည်။ သော့အပို ဆောင်ထားပေမဲ့ သူမ မဖွင့်ပေးဘဲ မဝင်ချင်ပါ။
မသွားမဖြစ်တဲ့ ကုမ္ပဏီ ကိစ္စတွေကြောင့် သူမကို အိမ်မှာ ထားခဲ့ရတာ lisa စိတ်မချပါ။
"ဘေဘီ.."
အခန်းတံခါး ခေါက်လိုက်ပေမဲ့ lisa သိသည်။ သူမ ဖွင့်မလာဘူး ဆိုတာကို..
သို့သော် သူမအခန်းရှေ့ ရပ်စောင့်နေရတာကို ကြိုက်လာသည်။ တစ်နာရီ နီးပါးကြာတော့ အတွင်းက ခြေသံတွေ ကြားရတာကြောင့် ဘာလို့မှန်း မသိ ရင်ခုန်သံတွေ မြန်လာရသည်။ တံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရသော အသံကလေးက ခပ်နွမ်းနွမ်းရယ်။သို့သော် ဒီလူ့ ရင်ကိုတော့ မိုးကြိုးပစ်သလို အားပြင်းပြင်းနှင့် လာရိုက်ခတ်သည်။
"lisa~~~"
"ဘေဘီ..."
တုန်ရင်နေသော ကိုယ်ံအသံနှင့်အတူ ဒူးတို့ မခိုင်ချင်တော့။ သို့သော် သူမ အပြုံးနုနုကြောင့် အမှန်တကယ်ပင် ခြေထောက်တို့ ယိုင်သွားရသည်။ အချိန်အတော်ကြာ ရပ်နေမိသည်။ ဘယ်သူကမှ တိတ်ဆိတ်မှုကို မဖြိုခွင်း...
"lili ကိုယ်ဗိုက်ဆာတယ်..."
"ဟမ်.."
သူမ မျက်ဝန်းတို့ကြား လမ်းပျောက်နေရင်းမှ အသိပြန်ဝင်လာရသည်။ သိမ်မွေ့နေသော သူမ မျက်ဝန်းရဲ့ ဘာသာစကားကို lisa မဖတ်တတ်ချေ။
"ဘာ ဘာစားချင်လဲ..ကျွန်မ အဲ့ lili ဘာဝယ်ပေးရမလဲ..."
စကားတွေ ထစ်ကာ အသုံးအနှုန်းတွေ ကမောက်ကမဖြစ်နေသည်။ ရင်က တုန်နေဆဲ...
အရင်က jennie လို့ lisa ဘာလိုကြောင့် ထင်နေမိတာလဲ မသိတော့။ အပြုအမူ အသုံးအနှုန်းတွေက jennie ပြန်ဖြစ်သွားသလိုပင်။ ဒွိဟစိတ်တွေနဲ့ lisa ထမင်းကြော်နေရသည်။ သူမကတော့ ဧည့်ခန်းမှာ ကာတွန်းကား ထိုင်ကြည့်နေလေသည်။ အခုတလော နာမည်ကြီးနေတဲ့ OGGY ...ထိုကာတွန်းကားကို သူမ အတော်ကြိုက်နေပုံရသည်။
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....