Part 21(Lovely Liar)

408 46 11
                                    

Unicode>>>

နေဝင်ပြီး မိုးချုပ်နေသလို jennie တနေ့တာဟာလည်း အလုပ်သွားပြီး အလုပ်ပြန်နေရတော့သည်။ အခုလဲ အလုပ်ပြီးလို့ စက်ဘီးကလေးနှင့် lili အိမ်နားလေးဆီ တရွေ့ရွေ့။ သို့သော် အိမ်နားမရောက်ခင်မှာတင် စက်ဘီးဆက်မနင်းနိုင်တော့အောင် မောလာသည်။ အဆုပ်ထဲ လေမရောက်တော့သလို ရင်ဘက်ထဲ တင်းတင်းကြပ်ကြပ် ခံစားနေရသည်။ ခြေနင်းကို နင်းနေတဲ့ ခြေထောက်တွေကိုတော့ မရပ်မိခဲ့။

"nini.."

ထိုင်ခုံလေးပေါ် မှီရင်း အသက်ကို လုရှူနေဟန် တူတဲ့သူမက မော့ကြည့်လာသည်။ lisa မျှော်မှန်းထားသလို သူမ အံ့ဩလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ရင်ဘက်က အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ သူမက ခနသာ မော့ကြည့်ပြီး မျက်လုံးတို့ ပြန်မှိတ်ကာ အသက်ကို ဝဝရှူနေသည်။

"ဘာြဖစ်တာလဲ nini..."

သူမရှေ့မှာ မတ်တပ်ရပ်နေပေမဲ့ lisa ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေရသည်။

"nini.."

ထကာ ယိုင်နဲ့နဲ့ ထွက်သွားသော သူမကို လှမ်းဆွဲထားလိုက်သည်။ထို့နောက် သူမကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ ဒါတွေဟာ မသိစိတ်က လုပ်ခဲ့တာတွေချည်း ဖြစ်သည်။

"မထွက်သွားပါနဲ့တော့နော်...lili ပင်ပန်းနေပြီ..တစ်ယောက်ထဲ မထားခဲ့ပါနဲ့တော့၊ lili မှားခဲ့တာတွေကို တောင်းပန်ပါတယ်...မထားခဲ့ပါနဲ့တော့.."

"lili~~"

ခပ်ပျော့ပျော့ သူမအသံဟာ လေသံကလေးသာ။ အသက်ရှူသံတွေ ပြင်းနေပေမဲ့ ခုနကလောက်တော့ မဆိုးတော့။ မဆီမဆိုင် သူမရင်ခွင်ထဲ ထည့်ထားလို့ သက်သာသွားတာ လို့ တွေးမိလိုက်သေးသည်။

"မထားခဲ့ပါနဲ့တော့..liliကို ကြိုက်တဲ့ အပြစ်ပေးလေ..မထားခဲ့ရင် ရပြီ.."

ပါးပြင်မှာ စိုနေတာကို ခံစားရသည်။ မိုးကလဲ အချိန်မတော် ရွာပြန်သည်ထင်သည်။ သို့သော် ခပ်နွေးနွေး သူမလက်ကလေး ပါးပြင်ပေါ် ရောက်လာမှ ကိုယ့်မျက်လုံးထဲက မိုးရေတွေ ဆိုတာကို သိရသည်။ သူမကို ခါးကနေ မလွှတ်တမ်း ဆွဲထားလိုက်သည်။ သို့သော် ခေါင်းကလေးပါ မှောက်ကျမတက် ဖြစ်နေတာကြောင့် ဉီးခေါင်းအနောက်ကနေ ပင့်ထားလိုက်သည်။ သူမလေးက ပြုံးလို့ရယ်။ ကိုယ်ကတော့ အငိုမျက်လုံးနှင့်ပေါ့။

Lovely Liar(On Hold)Onde histórias criam vida. Descubra agora