Part 10(Lovely Liar)

539 63 11
                                    

Zawgyi>>>

ဒီနေ့က lili မွေးနေ့ဆိုတာကို အလိုလိုသိနေသည်။ အရင်နှစ်တွေတုန်းကလို မနက်အစောကြီးထပြီး သူမအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ဖို့ စိတ်ရော လူရော မစွမ်းနိုင်တော့။

တစ်ညမှ ကောင်းကောင်းမအိပ်ရတော့တဲ့အပြင် ဖိအားတွေပါ မမှန်တော့တာကြောင့် နှာခေါင်းသွေးက မကြာခန လျှံသည်။

ဒါက ခန္ဓာကိုယ်ပြင်ပရောဂါ၊ အတွင်းထဲမှာတော့ ပြန်ကောက်မရတော့အောင် တစစီ ကြေမွနေတာကို ကိုယ်က လွဲပြီး ဘယ်သူမှ မသိနိုင်။

နှာခေါင်းသွေးလျှံထားတာကြောင့် လူက အားကုန်သလို ဖြစ်နေသည်။ ဆိုဖာပေါ်မှာ လှဲနေရတာကြောင့် တကိုယ်လုံး နာကျင်နေရသည်။ သို့သော် မပျက်ကွက်ချင်တဲ့ သူမအတွက် မနက်စာကိုတော့ အားတင်းပြင်ပေးလိုက်သည်။

ရင်ဘက်တွေပါ အောင့်လာတာကြောင့် ဆိုဖာပေါ် ပြန်ထိုင်နေလိုက်သည်။ အပေါ်က lili ဆင်းလာတာကို သိသည်။ အနောက်က လှုပ်ရှားသံတွေကို ကြားနေရသည်။ လှည့်ကြည့်ဖို့ အတော်အားခဲနေရသည်။ သို့သော် တံခါးပိတ်သံနှင့်အတူ အိမ်ကလေးက တိတ်ဆိတ်သွားပြန်သည်။

အရင်လို တစ်ယောက်ထဲပေါ့။ ဘာမှတော့ ထူးခြားမသွားပါဘူး။

စာရေးတာကို ခေတ္တနားထားရသည်။ အနည်းငယ် အာရုံစိုက်ရင်တောင် ခန္ဓာကိုယ်က နေလို့ မကောင်းတော့။

lili မနှစ်သက်တဲ့ ဒီခန္ဓာကိုယ်ကြီးက စောစောပျက်စီးသွားလဲ နှမြောစရာတော့ မရှိလှဘူး။

ရောက်တက်ရာရာ အတွေးတို့က လူကို သိပ်ပင်ပန်းစေတယ်။ lili အကြောင်း တွေးမိရင် ရင်ဘက်ထဲက အောင့်တယ်။ ရှေ့ဆက်ရမဲ့ ကိုယ့်အကြောင်းတွေးမိရင် ခပ်ရေးရေးတော့ ပြုံးနိုင်သည်။ သူမကို ချစ်ရအုံးမှာလေ.....

ဆိုဖာပေါ် မှီထိုင်ရင်း မျက်လုံးတွေ မှိတ်ထားမိတာ ပြန်ဖွင့်ကြည့်လိုက်တော့ မိုးတောင် ချုပ်သွားပြီးတဲ့။ အိပ်ပျော်သွားတာ မဟုတ်မှန်းလဲ သေချာသိနေသည်။

lili အတွက် မွေးနေ့ကိတ် ပြင်ပေးချင်မိသော်လဲ ဒီလူ အခြေအနေက ယိုင်နဲ့နဲ့ရယ်။

Lovely Liar(On Hold)Où les histoires vivent. Découvrez maintenant