Part 5(Lovely Liar)

633 68 14
                                    

Zawgyi>>>

ကြည်လင်နေသော ကောင်းကင်၊ တဖျတ်ဖျတ်တောက်နေသော ကြယ်ကလေးများ၊ ထိန်သာနေသော လမင်းကြီး....

မြေပြင်မှာလဲ အစုစုအဝေးဝေး လူစုတွေက ကလို့ ခုန်လို့...

ပျော်နေလိုက်ကြတာ...

ဝိုင်ပုလင်းတစ်ခုလုံး ပြောင်စင်သွားပြီး​နောက် liliရှိရာ အခန်းထဲ ဝင်လာလိုက်သည်။ အဝတ်ပင် မလဲဘဲ အိပ်နေသော သူမကြောင့် သက်ပြင်းသာ အသာချလိုက်မိသည်။

'ကိုယ့်ကိုကိုယ်တော့ ဂရုစိုက်မှပေါ့ lili ရယ် '

"ဟူးးး"

သူမကို အဝတ်လဲပေးပြီးတော့ ဝိုင်အရှိန်ကြောင့် ရီဝေဝေဖြစ်နေသော ဖီလင်လေးမှာ ဘယ်ဆီနေမှန်း မသိတော့။

သူမဘေးနား ဝင်ထိုင်လိုက်ရင်း ထိုမျက်နှာ အစိတ်အပိုင်းတို့ကို အသေးစိတ်ကြည့်နေမိသည်။ ဘယ်နှကြိမ် ကြည့်ကြည့် ရိုးအီမသွားတဲ့ ပန်းချီကားလေးတစ်ချပ်လို ပြစ်မျိုးမထင်အလှ ပိုင်ရှင်လေး၊ သို့သော် ထိုနှုတ်ခမ်း...

ခုနက အဖြစ်အပျက်ကို ပြန်မြင်ယောင်တော့ လူက ကတုန်ကရင်ဖြစ်လာရသည်။ လှိမ့်ဆင်းလာသော မျက်ရည်တို့ကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်ရင်း ရင်ထဲက အပူမီးကို ငြိမ်းစေရသည်။

သူမ နှုတ်ခမ်းပေါ် အကြည့်ပြန်ရောက်ရင်း တဆက်ဆက် တုန်နေသော လက်ဖြင့် ထိုနှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

"အို.. "

ခပ်နွေးနွေး အထိအတွေ့လေးက ခန္ဓာကိုယ်ထဲက အကြောမှန်သမျှကို နှိုးဆွသည်။

ဒါပေမဲ့ ရင်တွင်းက လှိုင်လှိုင်တက်နေတဲ့ အပူမီးကို ဒေါသအဖြစ် ပြောင်းရလောက်အောင် စွမ်းနေပြန်သည်။

သူမ အိပ်နေတာကို သိသည်။ ခပ်ဖူးဖူး ထိုနှုတ်ခမ်းတို့ကို တစ်ဖန် ပြန်ကြည့်မိသည်။

ထို့နောက် သူမခေါင်းလေးကို အသာမရင်း ကိုယ့်နှုတ်ခမ်းတို့နှင့် တွေ့ဆုံစေသည်။ အရင်အတိုင်းပါဘဲ ထိုအရသာ ထိုရင်ခုန်သံ မပြောင်းလဲပါ၊ သို့သော် မသိစိတ်တစ်နေရာက ပြောနေသည်။

ဆယ်ရာရဲ့ ရနံ့တွေ စွဲထင်နေတယ်၊ ဖျက်ပစ်လိုက်တဲ့။

စိတ်အလိုအရ ခပ်ကြမ်းကြမ်း နမ်းရှိုက်လိုက်သည်။ သွေးအရသာကို ခံစားနေမိသည်။ ဘယ်သူ့သွေးလဲ ဂရုမစိုက်နိုင်တော့။

Lovely Liar(On Hold)Место, где живут истории. Откройте их для себя