Part 15(Lovely Liar)

421 52 12
                                    

Unicode>>>

"jennie ရော..."

"toilet ဝင်မယ်ဆိုပြီး ထွက်သွားတာ အခုထိ ပြန်မရောက်သေးပါဘူး.."

အလုပ်ကိစ္စထဲ ခေါင်းနှစ်ထားမိတာကြောင့် ညနေ အလုပ်ဆင်းချိန်မှ သူမ ရုံးခန်းထဲ မရှိတာကို သတိရသည်။ ဆယ်ရာ ကို တွေ့လိုက်တိုင်း lisa စိတ်တွေ ဇဝေဇဝါ ဖြစ်လာရသည်။ စိတ်ရှုပ်မခံချင်တော့တာမို့ အတွေးတို့ကို မောင်းထုတ်ကာ စာရွက်တွေ ထဲမှာသာ စိတ်နှစ်ထားမိတာကြောင့် သူမကို လျစ်လျူရှုသလို ဖြစ်သွားရသည်။ သူမ ထွက်သွားတာ လေးနာရီလောက် ကြာပြီဖြစ်သဖြင့် စိတ်ပူလာရသည်။

toilet ထဲ ဝင်ကြည့်သော်လဲ သူမနှင့်တူသော အရိပ်အယောင်ပင် မရှိ။ ဖုန်းဆက်ကြည့်မလို့ ပြင်ပြီးမှ ရုံးခန်းထဲမှာ သူမဖုန်းအသစ်ကလေး ကျန်ခဲ့တာကို သတိရမိသည်။ ပူလောင်နေသော စိတ်တွေကို ခေတ္တ ထိန်းချုပ်လိုက်ရင်း အတွင်းရေမှူးကို ကုမ္ပဏီ တစ်ဝိုက် ဝိုင်းရှာဖို့ ဖုန်းဆက်ရသည်။ lisa ကိုယ်တိုင်လဲ နေရာအနှံ့ ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေရသည်။

နာရီဝက်လောက် ရှာပြီးသော်လဲ မတွေ့တာကြောင့် လူက ပူထူလာရသည်။ ဖြစ်နိုင်ရင် သူမကို လှမ်းအော်ခေါ်လိုက်ချင်သည်။ ထူပူနေသော စိတ်တို့ဖြင့် ဉီးတည်ရာမဲ့ အပြေးအလွှား ရှာနေရာမှ ဖုန်းဝင်သံကြောင့် ကြည့်လိုက်မိတော့....

"တွေ့ပြီလား!!"

"အဲ့ဒီအနားမှာဘဲနေ...အခုလာခဲ့မယ်.."

ဝမ်းသာခြင်းနှင့်အတူ ဟင်း ခနဲ သက်ပြင်းချမိသည်။

'တော်သေးတာပေါ့ ဘေဘီရယ်...'

သစ်ပင်အောက်မှာ ငုတ်တုတ်အိပ်နေသော ဘေဘီကြောင့် သူမကို ဆူမည့်စကားလုံးတို့ကို lisa ပြန်မျိုချနေရသည်။ အသိမပေးဘဲ တစ်ယောက်ထဲ အပြင်မထွက်ဖို့၊ ဘယ်လောက်စိတ်ပူနေရလဲ ဆိုတာကို ပြောဖို့ အားခဲလာရသမျှ အခုတော့ စိတ်ကူးထဲမှာဘဲ သိမ်းထားရတော့သည်။ အလိုက်သတိနှင့် ထွက်သွားသော အတွင်းရေးမှူးကို လျစ်လျူရှုရင်း သစ်ပင်ကို မှီကာ အိပ်နေသော သူမဘေးနား ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

နေဝင်သွားပြီ ဖြစ်တာကြောင့် အေးစိမ့်စိမ့် ဖြစ်လာသည်။ အိပ်နေသည်မှာ ဘယ်လောက်ကြာပြီလဲ မသိတာကြောင့် သူမ ပုခုံးလေးကို အသာလှုပ်နှိုးလိုက်သည်။ အအိပ်ဆတ်သော သူမက တခဏချင်း နိုးလာသည်။

Lovely Liar(On Hold)Donde viven las historias. Descúbrelo ahora