Part 4(Lovely Liar)

695 69 8
                                    

Zawgyi>>>

alarm သံကြောင့် မျက်ခွံတို့မှာ ဆက်ကနဲ ပွင့်လာသည်။ အချိန်က မနက် ၆ နာရီ၊ မစောတော့သည်မို့ ကိုယ်လက်သန့်စင်ပြီး မနက်စာ ပြင်ဖို့ အောက်ဆင်းလာလိုက်သည်။ အိပ်ယာပေါ်က အပူအပင် မရှိ အပြစ်ကင်းစင်သော သူမလေးကတော့ အိပ်မက်ထဲမှာ ကျင်လည်တုန်း။

ဆယ်ရာ... လီဆယ်ရာ...

မနေ့က သူ့အကြောင်း သိချင်လွန်းလို့ စုံစမ်းကြည့်လိုက်တော့
lili ရဲ့ အကြိုက်တွေ ချည်းပါဘဲ။

တကယ်တော့ သူ့ကို အားကျမိသည်။ ငါသာ သူ့လိုဆို lili သဘောကျနိုင်မလား~~

ကိုယ့်အတွေးကိုယ် သတိထားမိတော့ ခပ်ဖွဖွ ရယ်မိသည်။

စာရေးဆရာမ တစ်ယောက် ဖြစ်တာကြောင့် အတွေးတွေက အဆုံးထိ ရောက် ရောက်သွားတက်သည်။

မနေ့ညက ဝိုင်ကောင်းကောင်း တစ်လုံးလောက် ရှာလိုက်ရတာ ညနက်သွားသည်အထိ။

"jennie "

"nae အာ lili "

အတွေးထဲ နစ်နေတုန်း သူမ ခေါ်သံကြောင့် လန့်သွားရသည်။

"အဲ့မှာ ဘာရပ်လုပ်နေတာလဲ "

"မနက်စာ ဘာစားရမလဲ စဉ်းစားနေတာ၊ lili ကိုလား စားပွဲပေါ်က ကြက်ဥကိုလားပေါ့ "

"ကြက်ဥက ပိုကောင်းပါတယ် ၊ ကြက်ဥဘဲ စား "

"ဒါပေမဲ့ lili က ပို အရသာ ရှိတာကို "

နှုတ်ခမ်းကြီး ထော်ထားသော jennie ကို ကြည့်ပြီး ဖောင်းနေသော ပါးနှစ်ဖက်ကို ဖျစ်ညှစ်ချင်စိတ်က တဖွားဖွား။

မသိလိုက်ခင်မှာ လက်နှစ်ဖက်က သူမ ပါးပေါ် နေရာယူပြီးပြီ။

"အို "

အာမေဍိတ်သံနဲ့အတူ ဝိုင်းစက်နေသော မျက်လုံးတို့ဖြင် မော့ကြည့်လာသည်။ သူမကို မျက်လုံးချင်း ဆုံအောင် ပြုံးပြပြီး ပါးနှစ်ဖက်ကို အားပါပါ ညှစ်လိုက်သည်။

"အ့ " နာသွားလို့ ထင်သည်၊ မျက်ရည်တွေပါ ဝဲလာသည်။

"ချစ်ဖို့ ကောင်းလိုက်တာ "

စိတ်ထဲကပါ လှိုက်ခနဲ ပွင့်အံထွက်လာသော စကားလေး တစ်ခွန်း။ ခုနကထက် ပိုဝိုင်းစက်သွားသော ထိုမျက်လုံးလေးများက အံသြမှုကို အထင်းသား ပြသည်။ ထို့နောက် အားပါပါ ညှစ်လိုက်မိလို့ ရဲနသော ပါးလေးအပြင် နားရွက်ထိပ်ဖျားလေးများကပါ နီရဲလာလေသည်။

Lovely Liar(On Hold)Место, где живут истории. Откройте их для себя