Unicode>>>
အရင်က နှစ်ယောက်ထဲ ရှိနေကြ ဒီအိမ်ကြီးထဲမှာ နောက်တစ်ယောက် ထပ်ရှိနေတယ်ဆိုတဲ့ အတွေးက lisa ကို အနည်းနှင့် အများတော့ စိတ်မသက်မသာ ဖြစ်စေသည်။ အသက်မပြည့်သေးတဲ့ ကလေးကိုမှ အိမ်ခေါ်လာသော jennieကြောင့် အရင်ဆုံးပြေးမြင်မိလိုက်တာက ထောင်ဝတ်စုံနှင့် jennie ကိုပင်။ အိပ်ပျော်နေတဲ့ jennie ကို အတင်းဆွဲထူရင်း အိမ်ထဲ ရောက်နေသော ကလေးကိစ္စကို မေးရသည်။ ထိုအခါ အိပ်ချင်မူးတူးနှင့် ရှင်းပြနေရှာသော သူမစကားတို့ကိုတော့ lisa ရော ထိုကလေးပါ နားမလည်လိုက်။
"shin က လူဆိုးကြီးနောက် လိုက်လာတာ.."
အသံသေးသေးကလေးနှင့် ဖြစ်ကြောင်းကုန်စင် ရှင်းပြနေသော ထိုကလေးကို lisa သံယောဇဉ် တွယ်မိသည်။ အနေတော် ခန္ဓာကိုယ်ကလေးနှင့် ပါးဖောင်းဖောင်းလေးတို့က ဆွဲဖြစ်ချင်စရာ ကောင်းလွန်းလှသည်။ မိဘမဲ့ ဂေဟာကဆိုတဲ့ စကားမှာ jennie ကို lisa လှည့်ကြည့်လိုက်မိသည်အထိ။ jennie က သူ့လို မိဘမဲ့ကလေးတွေ မြင်ရင် အရမ်းစိတ်မကောင်းဖြစ်တတ်တာကိုတော့ ဟိုးအရင်ကတည်းက lisa သေသေချာချာ သိနေသည်လေ။
"ဘာစားပြီးပြီလဲ.."
လက်ထဲမှာ ကိုင်ပြလာသော ပဲနို့ဗူးသေးသေးလေးကို ထောင်ပြလာတော့သည်။ နှုတ်ခမ်းကလဲ စူလို့ ...
"လူဆိုးကြီးက ဘာမှ မကျွေးဘူးလေ.."
"ဟုတ်လား..ဒီက အန်တီက ကျွေးမယ်ဆိုရင်ရော.."
"လူဆိုးကြီးထက် ပိုချစ်သွားမှာပေါ့...တီတီရဲ့.."
ခပ်စူးစူး အသံကလေးက lisa ရင်ထဲကို တန်းနေအောင် စူးဝင်တော့သည်။ အလုပ် ပင်ပန်းလာလို့ အပြင်က မှာစားမယ် စိတ်ကူးထားသော်လဲ အခုတော့ အားကြိုးမာန်တက် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေရတော့သည်။ ဒါတွေ အကုန်လုံးကိုတော့ ဆိုဖာပေါ် ပြန်အိပ်ပျော်နေသော တစ်ယောက်သောသူကတော့ မသိလိုက်ချေ။
"တီတီ...တီတီရေ.."
ဧပရွန်စကို လာဆွဲသော ကလေးလေးကြောင့် ငုံကြည့်လိုက်တော့ အစွမ်းကုန်ကို ရီပြနေတော့သည်။ ထို့နောက် ဘာမပြောညာမပြောနှင့် ဆွဲခေါ်သွားတာကြောင့် မီးကို အသာပိတ်ရင်းလိုက်သွားလိုက်သည်။ တွေ့လိုက်ရသည်က..
VOCÊ ESTÁ LENDO
Lovely Liar(On Hold)
FanficU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....