Unicode>>>
၃လပြည့်သွားခဲ့ပြီ။ jennie ထွက်သွားခဲ့တာ။ အဖော်အဖြစ် ချန်ခဲ့တာက သူမရဲ့ ကိုယ်သင်းနံ့လေးနှင့် ခပ်ပွပွ တီရှပ်ကလေးတွေ။ အလုပ်ပိတ်ရက်ဆိုရင် သူမရဲ့ အင်္ကျီပွပွတွေကို ဝတ်ထားရတာက တမျိုးတော့ ရင်ထဲမှာ နွေးထွေးနေသည်။ ညနေ စောင်းလာရင်တော့ lisa နှလုံးရောဂါက ပြန်ထလာတက်သည်။ စက်ဘီးကလေးတစ်စီးနှင့် လမ်းတစ်ဖက်ခြမ်းကနေ ထိုင်ကြည့်နေတက်တဲ့ လောကမှာ လီဆာအတွက် နှစ်ယောက်မရှိနိုင်တဲ့ တစ်စုံတစ်ယောက်ကြောင့်ပေါ့။ အဲဒီအခါကျရင် သူမရဲ့ အင်္ကျီတစ်ထည်ကို ကောက်စွတ်လိုက်ရင်း သူမ မမြင်နိုင်တဲ့ အကွယ်လေးကနေ ပြန်ချောင်းကြည့်ရတာက ရင်ခုန်စရာကောင်းလှသည်။ သူမ ပြန်သွားတဲ့အချိန်ဆိုရင် မမြင်ကွယ်ရာကနေ တာတာ့လေး ပြလိုက်သည်။ တစ်နေကုန် ကုမ္ပဏီမှာ ပင်ပန်းခဲ့သမျှဟာ သူမ လာတဲ့အချိန်ကျရင် ကြက်ပျောက်ငှက်ပျောက်ပင်။
နောက်တစ်ပတ်ကျရင် ထိုင်းဘက်သွားစရာ ရှိပေမဲ့ လီဆာ မသွားချင်။ ညနေတိုင်း လာလာတက်တဲ့ လိပ်ပြာလေးကို မတွေ့ရတော့မှာကို မလိုလားပင်။ ပိန်သွားသလား ဝလာသလားဆိုတာကိုတော့ lisa မခန့်မှန်းနိုင်။ ဆံပင်လေးကတော့ ဂုတ်ထောက်ကလေးသာ ရှိတော့သည်။ အမြဲတမ်း ဉီးထုပ်ကလေး ဆောင်းလို့ သူမဟာ အင်္ကျီကိုလဲ လက်ကလေးတွေသာ ပေါ်အောင် ဝတ်ထားတက်သည်။ အခုနောက်ပိုင်း lisa စိတ်တွေ တည်ငြိမ်လာသည်။ အရင်လို ဒေါသမကြီးတော့သသလို ညဘက်တွေလဲ အိပ်ပျော်လာသည်။ နေ့တိုင်း လာနားတက်တဲ့ လိပ်ပြာကလေးကြောင့်များ ဖြစ်နိုင်လေမလား။
"lisa..."
"ဓာတ်ပုံဆရာ ထွက်ပြေးသွားပြီ..."
"အသစ်ရှာလိုက်လေ.."
ဆယ်ရာ အရှေ့က lisa ကို ကြောင်ကြည့်နေမိသည်။ အသစ်ရှာရမယ်ဆိုတာကို သူမ သိသည်လေ။ သုံးလစာ ယူပြီး ပြေးသွားတာကို ဒင်းက ဘာမှ မလုပ်တော့ဘူးလား...သို့သော် ကိုယ့်ကို ဂရုမစိုက်တော့ဘဲ လက်မှတ်တွေ ပြန်ထိုးနေတာကြောင့် စိတ်လေစွာနှင့်ဘဲ ပြန်ထွက်လာလိုက်သည်။ အိုးက မပူ စလောင်းက ပူ ဆိုတာ ဒါကို ပြောတာနေမှာ...
အိတ်ထဲက ဖုန်းက ဝင်လာတာကြောင့် ထုတ်ကြည့်လိုက်တော့ နံပါတ်စိမ်း ဖြစ်နေသည်မို့ ကြောင်သွားရသည်။ သို့သော် ဖုန်းချပစ်ဖို့ စိတ်ကူးမရှိသည်မို့ ကိုင်လိုက်လျှင်ဘဲ...
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....