Zawgyi>>>
"jennie..."
"ဟမ်..."
မနက်စာ စားနေရင်း စကားစလာသော lili ကြောင့် သူမရှေ့မှာ ထိုင်ရင်း ရေတစ်ခွက်ကို ဇိမ်ခံသောက်နေသော jennie တစ်ယောက် ကျောမတ်သွားသည်။
"မနက်ဖြန် အလုပ်ကိစ္စနဲ့ ထိုင်းဖက် သွားစရာရှိတယ်..."
"သြော်...
"တစ်ပတ်လောက်ကြာမယ်..."
"ကိုယ်လိုက်လို့ရော ရမလားဟင်..."
အသနားခံ မျက်လုံးလေးနဲ့ သူမကို ခေါင်းတစ်ချက်သာ ခါပြလိုက်သည်။
"လုပ်ပါ liliရဲ့၊ ထိုင်းကို မရောက်ဘူးလို့ ပြီးတော့ liliအလုပ်ကိစ္စကို အနှာင့်အယှက် မဖြစ်စေရဘူးလေ...ကတိ"
လက်သန်းလေး ထောင်ပြလာသော jennie ကြောင့် lisa တစ်ယောက် အခက်တွေ့နေရသည်။
"မရဘူး... ဒီတစ်ခေါက် သွားမှာ ကျွန်မ လုပ်ငန်းပါတနာတွေနဲ့... ရှင်လိုက်လို့ မရဘူး... ပြီးတော့ အလည်အပတ် ခရီးမှ မဟုတ်ဘဲ....
"လုပ်ငန်းပါတနာတွေက ဘယ်သူတွေလဲ lili..."
မလိုက်ရဘူးဆိုလို့ မဲ့သွားသော သူမက အခုနောက်ပိုင်း lisaရဲ့ တစ်ခွန်းဆို တစ်ခွန်း စကားကို နားမထောင်တော့။ ဒါက ဒေါသထွက်စရာတော့ ကောင်းသည်။
"ရှင့်အလုပ် မဟုတ်ဘူး jennie... ကျွန်မအလုပ်ကို ဝင်မပါနဲ့!!"
"ဝင်ပါတာ မဟုတ်ပါဘူး liliရဲ့၊ ဒီအတိုင်း သိ..ဒုန်း!!"
အထွန့်တက်လာသော Jennie ကြောင့် စိတ်တိုတိုနဲ့ စားပွဲကိုဆောင့်ချလိုက်သည်။ ထိုအခါ အစွန်းနားတင်ထားသော ရေခွက်က ထိုင်နေသော jennie အပေါ် ရွှဲခနဲ။
"ကျွန်မ သွားပြီ...ဒီည ကျွန်မ ပြန်မလာတော့ဘူး..."
"အဝတ်အစားတွေရော lili..."
"ဝယ်ဝတ်လိုက်မယ်!"
ထိုနေရာမှာဘဲ ငိုင်ပြီးကျန်ခဲ့သူက jennie... ဒီနေ့က ၁၀ရက်နေ့ဆိုတော့ နောက်ထပ် ၆ ရက်သာ လိုတော့သော သူမမွေးနေ့လေး...
ဘာမှ မမျှော်လင့်ချင်ပေမဲ့ ကိုယ့်ရဲ့ မွေးနေ့မှာတော့ ချစ်ရသူရဲ့ မွေးနေ့ဆုတောင်းလေးတော့ ကြားဖူးချင်တာ
အမှားမှ မဟုတ်ဘဲ...
VOCÊ ESTÁ LENDO
Lovely Liar(On Hold)
FanficU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....