Part 11(Lovely Liar)

510 63 22
                                    

Zawgyi>>>

"baby~~"

"baby..လို့ ခဏထပါအုံး၊ ဆေးသောက်ပြီး ပြန်အိပ်နော်.."

"သောက်ဘူး..ခင်ဗျားဘဲ သောက်.."

"မဆိုးနဲ့လေ...ဆေးသောက်ပြီးရင် babyကို liliမနှိုးတော့ဘူး..တကယ်ပြောတာ..အခုတော့ ခဏလေး ထပါအုံး.."

ညသန်းခေါင်းကျော်ကြီး ကလေးဆေးတိုက်နေရသည့် lisa တစ်ယောက်။ ၆နာရီ တစ်ခါ ဆေးတိုက်ရသည်မို့ သူမလေးကို အသည်းအသန် နှိုးနေရခြင်း ဖြစ်သည်။

တစ်နာရီလောက် ကြိုနှိုးထားမှသာ ဆေးတိုက်ချိန် မှန်လိမ့်မည်ဖြစ်သည်။ ဒါကလည်း နေ့တိုင်း lisa ကြုံတွေ့နေရသည့် စိန်ခေါ်ပွဲတစ်ခု ဖြစ်သည်။

"ခင်ဗျား.."

"ပြော baby.."

"ခင်ဗျားပြောတော့ ကိုယ်နဲ့ လက်ထပ်ထားတာဆို.."

"ဟုတ်တယ်လေ babyရဲ့၊ ဘာဖြစ်လို့.."

"ဒါဆို ကိုယ်တို့ ဘယ်မှာနေကြတာလဲဟင်.."

သနားစရာ မျက်လုံးကလေးတွေနဲ့ မျှော်လင့်တကြီး မေးလာသော babyက အသည်းယားစရာ ကောင်းသည်။ ဝှီချဲပေါ်မှာ ထိုင်နေသော သူမလေးက ဆေးရုံးဝတ်စုံအပွကြီးအောက်မှာ မြုပ်လို့။

လေကောင်းလေသန့်ရအောင် အပြင်ခေါ်လာခဲ့သော်လဲ အအေးပတ်ပြီး ပြန်ဖျားမှာ ကြောက်နေရသည်။

အခုလက်ရှိ ဖြစ်ပေါ်နေသော ခံစားချက်က lisa ကို အချိန်မရွေး တွေးလိုက်တိုင်း အပြုံးတို့ သယ်ဆောင်လာပေးသည်။ အရေးကြီးကိစ္စမရှိရင် သူမလေး ဘေးနားမှာဘဲ lisa နေ နေမိသည်။ခင်ဗျားလို့ ခေါ်လိုက်တိုင်း lisa ရင်ထဲမယ် လှပ်ခနဲပင်။

"liliတို့ နှစ်ယောက်တည်းနေလို့ရတဲ့ အိမ်မှာပေါ့ babyရဲ့..babyက ဘာဖြစ်လို့ မေးတာလဲ.."

"ဟို.. အိမ်တကယ်ရှိတယ်ဆို..ပြန် ပြန်ရအောင်လေ.နော်ခင်ဗျား."

မျက်နှာကလေး ရဲကာ ထစ်ထစ်ငေါ့ငေါ့ ပြောလာလေသည်။ ဘာမှ ပြန်မဖြေဘဲ ဝှီချဲပေါ်ကနေ ကောက်ယူပွေ့ချီလိုက်သည်။ ကျန်းမာရေးမကောင်းတာကြောင့် ပိန်သွားသော ခန္တာကိုယ်လေးက ဆွေ့ခနဲ ပါလာသည်။

လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားသော သူမလေးက lisa ပုခုံးပေါ် ခေါင်းတင်ကာ မှိန်းနေသည်။ အားမရှိတာကြောင့် မူးသွားသည် ထင်ရဲ့။

Lovely Liar(On Hold)Tempat cerita menjadi hidup. Temukan sekarang