Part 12(lovely liar)

439 50 11
                                    

Unicode>>>

အပြစ်မမြင်ရက်လို့ ထိုလူသားကို ခွင့်လွှတ်နိုင်ပေမဲ့ စွန့်လွှတ်လိုက်ဖို့တော့ သတ္တိမရှိခဲ့ဘူး။ ပြီးတော့ ကိုယ်တိုင်ထွက်သွားဖို့လဲ ဆန္ဒမရှိဘူး။ ဆုတောင်းမှားခဲ့လေသလား...ကိုယ်ချစ်ရတာ သူဘဲ ဖြစပါစေလို့ ဆုတောင်းမိလေသလား...

သေခါနီးမှာ မပီပြင်လှတဲ့ သူ့အပြုံးတွေက ကိုယ့်ကို နောက်ဆံတင်းစေပြန်သည်။ ကြီးလိုက်တဲ့ ဝဋ်ကြွေးပါလား...

ဒီဘဝ ကံမကုန်သေးတော့ သူ့မျက်နှာနွမ်းနွမ်းကို ပြန်မြင်ရသည်။ ကိုယ့်ရှေ့ရောက်ရင် တည်ထားတတ်တဲ့ သူ့မျက်နှာကလေးက အခုတစ်ခါမှာတော့ အပြုံးနုနုနဲ့ နွမ်းလျလျရယ်...

ဒီတစ်ခါ မျက်လုံးဖွင့်ရတာ အပျော်ဆုံးဘဲ...နှလုံးသားက နာကျင်မှုထက် ခန္ဓာကိုယ်က ကျိုးကြေမတက် နာကျင်နေတော့ အချစ်နာကျတာထက် ပိုပြီး ခံစားရသက်သာနေတယ်။ သိလိုက်ရတာက ခေါင်းကို ထိခိုက်သွားလို့ အတိတ်မေ့နိုင်ချေ ရှိတယ်တဲ့။ ချော်လဲရောထိုင်လိုက်တာက တစ်ခါတစ်လေတော့ ကိုယ့်ကိုကိုယ် ညှာတာရာ ကျတယ် ဆိုရမလားဘဲ...

တစ်ခါတစ်လေမှာ စိတ်က ထိန်းချူပ်မှုကနေ လွတ်သွားသလို ခံစားနေရတယ်၊ စိတ်ကျရောဂါ ဖြစ်သလို လက္ခဏာတွေက ဆင်တူလာတာမို့ တာဝန်ကျဆရာဝန်တစ်ယောက်ကို မေးကြည့်တော့ တကယ်လဲ စိတ်ကျရောဂါ ဖြစ်နေခဲ့တာ...

ထိန်းချူပ်ခဲ့ရသမျှ ဖိအားတွေက သိပ်များသွားတယ်နဲ့ တူပါရဲ့ ..

ချစ်တဲ့လူကို နွဲ့ဆိုး ဆိုးချင်တာက ချစ်မိတဲ့ သူတိုင်းရဲ့ အသိမ်ငယ်ဆုံး အပိုင်းဘဲ...ချစ်တဲ့သူကို ကာကွယ်ပေးတာ၊ ဂရုစိုက်ပေးတာ၊ သဝန်တိုတာတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ အာရုံစိုက်မှုလေးတွေကို နည်းမျိုးစုံနဲ့ လိုချင်ကြတာဘဲ...

သို့သော် တဖက်သတ်အချစ်တွေမှာတော့ နွဲ့ဆိုး ဆိုးတယ် ဆိုတာ အန္တာရာယ် အများဆုံးဘဲ...သူဘက်က စိတ်ပျက်တဲ့ အကြည့်တွေ လက်ခံရရှိပြီ ဆိုရင်တော့ ရပ်လိုက်သင့်ပြီ..နောက်ဆက်တွဲမှာ အမုန်းတွေပါ ကပ်ပါလာတော့မှာမို့...

ကိုယ်တိုင်လဲ သူမဘက်က စိတ်ပျက်တဲ့ အကြည့်တွေ လက်ခံရရှိတဲ့တစ်နေ့ သူမနားက ခွာပေးဖို့ စဉ်းစားပြီးသားမို့ ဒီအချိန်အတောအတွင်းတော့ ကိုယ်ရဲ့ နှလုံးသားလေးကို ကုသဖို့ သူမထံ အပ်နှံထားလိုက်သည်။ သူမ ငြိုငြင်တဲ့တစ်နေ့ ဒီနှလုံးသားလေးကို ပြန်သိမ်းပြီး သော့ပြန်ခတ်တာပေါ့။

Lovely Liar(On Hold)Onde histórias criam vida. Descubra agora