Unicode>>>
စာရေးဆရာတစ်ယောက် ဖြစ်ပေမဲ့လို့ ကိုယ့်အချစ်ရေးမှာတော့ ကိုယ်ဟာ နုံအသူတစ်ယောက်သာ။ တစ်ညလုံး မအိပ်ရသေးတာကြောင့် ကျိန်းစပ်နေသော မျက်လုံးတို့ကို ခေတ္တအနားပေးမိသည်။ ထိုအချိန်လေးမှာတင် မျက်စိရှေ့က သူမ ရှိမနေတော့ပါ။ ချမ်းနေတာကြောင့် စောင်တွေနှင့် လုံးထွေးထားပေမဲ့လို့ ဘယ်အချိန်က ထွက်သွားမှန်း မသိလိုက်သော ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။
နောက်ဆုံးနာရီကြည့်ခဲ့သည်က ခြောက်နာရီဖြစ်တာမို့ တစ်နာရီသာ အိပ်ရသေးသည်။ တစ်အိမ်လုံး အနှံ့ရှာပြီးသော်လည်း သူမ အရိပ်အယောင်တောင် မတွေ့သည်မို့ ဝမ်းနည်းလာရသည်။ ဖုန်းဆက်ကြည့်ချင်ပေမဲ့ သူမကို စိတ်အနှောက်အယှက် ဖြစ်သွားစေမည်ကို တကယ် ကြောက်ပါသည်။ မနေ့ကဘဲ ပြောတော့ မနက်ကျရင် ဒီတိုင်းလေးဘဲ မြင်ချင်တယ်ဆိုပြီးတော့ အခုတော့ ကြည့်သွားပုံပင် မရပါ။ လှိုက်တက်လာသော ဝမ်းနည်းမှုတို့ကို အတင်းပြန်မျိုချရင်း သူမအိပ်သွားခဲ့သော စောင်ထဲ တိုးဝင်နေမိသည်။ ခပ်သင်းသင်း ကိုယ်သင်းနံ့က သူမကို ထွေးပွေးထားသည်။
'lili ခင်ဗျားဟာ ယောကျာ်းလေးနဲ့ မိန်းကလေး မှားမွေးလာတယ်လို့ ကိုယ်ထင်နေမိပြီ...စိတ်ဒုက္ခတွေကို မခံစားနိုင်တဲ့ ယောကျာ်းလေးတစ်ယောက်လိုဘဲ' ကိုယ်အတွေးနဲ့ကိုယ် ခြောက်ကပ်ကပ် ရယ်လိုက်မိသည်။
lili ထမင်းချက်ကျွေးပြီးကတည်းက သူမကိုယ်တိုင် ဟင်းချက်မစားဖြစ်တော့တာ ကြာပြီ။ တစ်ညလုံး မအိပ်ရသေးပေမဲ့ ဝမ်းနည်းစိတ်က လှိုင်တက်နေတာကြောင့် အသည်းအသန် ပြန်မျိုချနေရသည်။ သီအိုရီတစ်ခုက ပြောဖူးတယ်...
စိတ်ခံစားချက် မကောင်းနေရင်တောင် လုပ်စရာရှိတာ လုပ်ရမယ်တဲ့။
မနက်စာ စားချိန်ဖြစ်တာကြောင့် စောင်ထဲ ခွေနေရာကနေ မနက်စာ စားဖို့ အတင်းကုန်းရုန်းထလိုက်သည်။ စားစရာ ဘာမှ မရှိသော ရေခဲသေတ္တာကို ဖွင့်ရင်း အကြည့်တို့က စတော်ဘယ်ရီတစ်ဖာနှင့် နို့ဆီတစ်ဗူးဆီ ရောက်သွားမိသည်။ ၎င်းတို့ကို တွေ့သည်မှာ အတော်ကြာနေပြီ ဖြစ်သော်လဲ စားစရာဆိုလို့ သူတို့ကိုသာ တွေ့ရတော့သည်။
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....