Zawgyi>>>
"ceo အစည်းအဝေး စလို့ ရပါပြီ "
ဒီတစ်ခေါက် ပူးပေါင်းဆောင်ရွက်မဲ့ project အတွက် လူစုံပြီဆိုတာကြောင့် စတင်လိုက်သည်၊ အခြေအတင် အမျိုးမျိုး စောင်းမြောင်းမှု အမျိုးမျိုးနဲ့ နောက်ဆုံးတော့ အောင်အောင်မြင်မြင် လက်မှတ်ထိုးနိုင်လိုက်သည်။
"ceo shi အောင်အောင်မြင်မြင် ပြီးဆုံးသွားလို့ ဂုဏ်ပြုပါတယ်၊ dinner အတွက် ဒကာခံပါရစေ "
အစည်းအဝေးအတွင်း သွက်သွက်လက်လက်နဲ့အပြင် ကိုယ်နှင့်လဲ အမြင်ချင်း တူနေတာမို့ လူအများကြားမှာ သူမကိုတော့ သတိထားမိသည်။
ပူးပေါင်းမဲ့ အဖွဲ့ရဲ့ ဦးဆောင်သူ တစ်ယောက် ဖြစ်တာကြောင့် ငြင်းလို့တော့ မကောင်းပေ။ schedule လဲ ရှင်းနေတာမို့ လက်ခံထားလိုက်သည်။
နိုင်ငံခြားသား ဖြစ်တာကြောင့် ကိုရီးယားစကား ဝဲတဲတဲလေးက အတော်တော့ ချစ်ဖို့ကောင်းသည်။ ဆယ်ရာ လီဆယ်ရာတဲ့။
"Hello "
"lili ကိုယ် dinner အတွက် booking လုပ်ထားတယ်၊ ကိုယ် လာကြိုမယ်နော် "
"ကျွန်မ ချိန်းထားတာရှိတယ်၊ လာမကြိုနဲ့တော့ "
"အရေးကြီးလို့လား lili ၊ ကိုယ် booking လုပ်ထားပြီးသား
ဖြစ်နေပြီ ""အင်း project အတွက် ပူးပေါင်းမဲ့ သူနဲ့မို့၊ အရေးကြီးတယ် "
"သြော် အင်းပါ ဒါဆိုလဲ ကိုယ်လာမကြိုတော့ဘူးနော် "
"အင်း အပြန် နောက်ကျချင် နောက်ကျမယ်၊ စောင့်မနေနဲ့တော့ ထမင်းတော့ ပုံမှန်စားနော် ကျွန်မ ဖုန်းချလိုက်တော့မယ် "
တီ...
"ceo နေ့လည်စာ အတွက် booking လုပ်ထားပြီးပါပြီ၊ Mr.lee လဲ လမ်းထဲ ရောက်နေပါပြီတဲ့ "
"ဟုတ်ပြီ ငါးမိနစ်အတွင်း ထွက်မယ်၊ စာရွက်စာတမ်းတွေ ပြင်ထား "
မိဘတွေရဲ့ လုပ်ငန်းအကုန် လွှဲယူထားတာကြောင့် နေ့လည်စာနဲ့ ညနေစာတွေပါ အလုပ်နဲ့ ပက်သတ်ထားရသည်။ အခွင့်အရေးဆိုတာ တစ်ခါဘဲ ရတက်တာမို့ ရသမျှ ဆုပ်ကိုင်ထားရတာ စီးပွားရေး လောကရဲ့ ကျင့်ဝတ်ဘဲ။
YOU ARE READING
Lovely Liar(On Hold)
FanfictionU&Z ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ..... ကျွန်မကိုယ် ကျွန်မ အလိမ်ညာကောင်းခဲ့ပြီလို့ ထင်ခဲ့သမျှ ရှင်နဲ့ကျမှ.....