Part 9(Lovely Liar)

501 58 6
                                    

Zawgyi>>>

ထပ်မပိတ်ထားနိုင်တော့၍ ပွင့်လာသော မျက်ခွံတို့ကြောင့် နိုးလာရသည်။ အရက်နာကျနေတာကြောင့် ခေါင်းထဲ၌ ချာချာလည်နေသည်။ ဘေးနာက စားပွဲခုံပေါ် လက်လှမ်း၍ ဆေးကို ယူလိုက်သော်လဲ ထိုနေရာ၌ ဘာမှ ရှိမနေ။

အရင်တုန်းကဆို lisa အရက်သောက်လာလျှင် စားပွဲပေါ်၌ ဆေးနှင့် ဟင်းချိုက အသင့်ရှိနေတက်သည်။

"jennie!!"

ကမ္ဘာကြီး ချာချာလည်နေတာကြောင့် သူမ နာမည်ကို အော်ခေါ်လိုက်သည်။ သို့သော် ဘာသံမှ ပြန်မကြားရတာကြောင့် ကုတင်ပေါ်က ခပ်ဖြည်းဖြည်းထလာလိုက်သည်။

ရေသောက်ချင်နေတာကြောင့် မီးဖိုချောင်ထဲ ဝင်လာလိုက်သည်။ သို့သော် ထမင်းစားပွဲ၌ ထိုင်နေသော jennie။

"jennie~~"

နှာခေါင်းကို တစ်သျူးနှင့် အုပ်ပြီးခေါင်းမော့ထားသော သူမက lisa ကို မကြည့်။

"နှာခေါင်းသွေးလျှံနေတာလား~~"

သူမနား သွားလိုက်ပြီး ထမင်းစားပွဲအောက်က အမှိုက်ပုံးကို အမှတ်တမဲ့ ငုတ်ကြည့်လိုက်မိတော့ လူက ထိတ်လန့်သွားရသည်။ သွေးရောင်လွှမ်းနေသော တစ်သျူးတို့က အပြည့်ဖြစ်နေသည်။

ချာချာလည်နေသော ခေါင်းကို လျစ်လျူရှူရင်း ရေခဲသေတ္တာထဲက ရေခဲအနည်းငယ်ကို ထုပ်ကာ သူမခေါင်းကို အသာထိန်းရင်း ကပ်ထားလိုက်သည်။

ငါးမိနစ်လောက်ကြာမှသာ နှာခေါင်းသွေးက ရပ်တော့သည်။ ထိုအခါမှ အရက်နာကျနေသော ကိုယ့်မှာ ပြန်ပြီး မူးလာရသည်။ ဘေးနားက ထိုင်ခုံပေါ် ထိုင်ချရင်း စားပွဲပေါ်က ရေခွက်ကို လှမ်းယူလိုက်သည်။

"သွေးလျှံနေတာ ဘယ်လောက်ကြာပြီလဲ.."

"....."

"jennie."

ခေါင်းကို အသာမော့ထားသော သူမက အခုထိ မျက်လုံးတွေ မှိတ်ထားပြီး စကားတစ်ခွန်းမှ ဟမလာပေ။

"ကိုယ် မသိဘူး.."

"ပြီးတော့ ကိုယ် ဟင်းချို နွေးထားပေးတယ်၊ ထည့်ပြီး သောက်လိုက်၊ ဆေးက ဒီမှာ ရော့."

သူမ ပေးသော ဆေးကို သောက်ရင်း  ဟင်းချိုသောက်ဖို့ ထလာလိုက်သည်။

Lovely Liar(On Hold)Nơi câu chuyện tồn tại. Hãy khám phá bây giờ