#Unicode
Jungkookဆိုင်ခွဲဖွင့်မယ့်ဆိုင်နေရာမှာ လိုအပ်တာတွေကြည့်ရှုစစ်ဆေးပြီးတာနဲ့သူ့သူငယ်ချင်းကားကို အိမ်ကိုလိုက်ပို့ခိုင်းပြီး ကားပြန်ယူရသည်။ကားပေါ်မှာတော့ သူ့အဖြစ်တွေကိုပြောပြနေမိ၏။
"အဲ့တော့က...ဆယ်ရာ့ကိုသွားခေါ်ဖို့ မင်းက အဲ့အကိုနဲ့ပတ်သတ်လိုက်ရတာပေါ့"
"အေး....မင်းတို့ကလည်းမရှိ မိုးကလည်းရွာ ငါ့ကားကလည်းမပါတော့
အဲ့အချိန်မှာတွေးမိတာက ဒီနည်းလမ်းအပြင်ငါ့မှာမရှိဘူး"ဟွမ် ကိုသူအကြောင်းဆုံရှင်းပြနေမိသည်။သူတို့သူငယ်ချင်းတွေကြားမှာ ဖုံးကွယ်ထားတာမရှိ။ညီကိုတွေထက်ပင် ရင်နှီးချစ်ခင်နေကြသေး၏။မတရားတာကိုလည်းလက်ပိုက်ကြည့်မနေနိုင်ကြသလိုတစ်ယောက်ကိုထိပြီဆိုရင်လည်း ကျန်တဲ့သူတွေကမနေ။
"ဒါပေမယ့် သူကမှမကူညီချင်တာ
မင်းကဇွတ်သွားလုပ်တာကို ပြီးတော့သူ့မှာလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့""ဒါပေမယ့်ကွာ မင်းစဉ်းစားကြည့်
သူကဆယ်ရာနဲ့အပြိုင်ဆိုးတာကွ
ထိုင်နေတဲ့နေရာကို လုဖို့လိုလို့လား"Jungkookစကားကိုကြားပြီး
ဟွမ် ခပ်ဟဟလေးရယ်လိုက်တော့
Jungkookက သူ့ကိုမကြည်သလိုကြည့်လာသည်။သူတို့သူငယ်ချင်းငါးယောက်မှာ ကျန်တဲ့လေးယောက်က ကောင်လေးတွေဖြစ်ပြီး မိန်းကလေးတစ်ယောက်သာပါသည်။ငယ်ငယ်ထဲက
မိဘတွေချင်းလည်းရင်းနှီးကြတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာကြတဲ့
ကလေးတွေမလို့ သူတို့ပါပေါင်းမိသွားကြရခြင်း။ကျန်တဲ့လေးယောက်က တစ်ဦးတည်းသောသားသမီးတွေနဲ့အငယ်ဆုံးလေးတွေဖြစ်ကြပြီး
ဟွမ်ကြတော့သူ့ထက်၅နှစ်ငယ်တဲ့ညီမလေးရှိသည်။ကျန်တဲ့သူငယ်ချင်းလေးတွေက သူ့တို့ဖြစ်ချင်တာကိုသာရှေ့တန်းတင်ကြပေမယ့် ဟွမ်ကတော့ ဘာကြောင့်မဖြစ်နိုင်ရခြင်းကို အရင်စဉ်းစားပေးသည်။ဒီလိုစဉ်းစားပေးနိုင်တာက ဟွမ်ကစိတ်ထားကောင်းလွန်းနေလို့တော့မဟုတ်။အငယ်လေးကိုဦးစားပေးနေတဲ့သူ့အကျင့်အရ ဖြည့်ပြီးတွေးပေးတတ်နေခြင်းသာ။သူ့သူငယ်ချင်းလေးတွေကတော့ တစ်ဦးတည်းသောသားသမီးလေးတွေ အငယ်ဆုံးလေးတွေဖြစ်ကြတာကြောင့် နည်းနည်းလေးမရင့်ကျက်ကြတာပါ။စိတ်ထားကောင်းပြီး ချစ်ဖို့ကောင်းတာတော့အမှန်။